Saturday, June 15, 2019

" ဝေဖန်ရင် သေဒဏ် " ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို တိုက်ရိုက်ရည်ညွန်း၍ ဦးဝီရသူ လှောင်ပြောင်

ဖမ်းဝရမ်းအထုတ်ခံထားရသည့် အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူမှာ တိမ်းရှောင်နေရသည့်အနေအထားမှ အစိုးရနှင့်လက်ရှိအာဏာပိုင်အဖွဲ့ အစည်းကို ဝေဖန်လှောင်ပြောင်ထားသည့် ဗီဒီယိုဖိုင်များကို VK မှ စဉ်ဆက်မပြတ်တင်နေရာ ယနေ့ ( ဇွန် ၁၄ ) ညပိုင်းတွင်လည်း ဗီဒီယိုဖိုင် ၂ ခုကို ထပ်မံတင်ထားသည်ကို တွေ့ ရသည်။ ဇွန် ၁၄ ည ၈း၅၈ နာရီအချိန်တွင် " ပန်းပေးတဲ့ မမ" ဟု Caption ထိုးထားသည့် ၃ မိနစ် ၅၇ စက္ကန့် ကြာ ဗီဒီယိုဖိုင်ကို တင်ခဲ့သလို ည ၉း၀၃ နာရီတွင် " ဝေဖန်ရင် သေဒဏ်" ဟူသည့် ၁၈ စက္ကန့် ကြာ ဗီဒီယိုဖိုင်ကို တင်ထားခြင်းဖြစ်သည်။ ဇွန် ၁၂ ညက " ဖိုးတွမ်တီးမကြီး "ဟူသည့် ၁၄ စက္ကန့် ကြာ ဗီဒီယိုဖိုင်တွင် စောင်းမြောင်းဝေဖန်မှု့ များပြုလုပ်ခဲ့သည့် ဦးဝီရသူမှာ ယနေ့ ညတင်ခဲ့သည့် ၁၈ စက္ကန့် ကြာဗီဒီယိုဖိုင်တွင် မူ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ( NLD ) ကို တိုက်ရိုက်ပင် လှောင်ပြောင်ဝေဖန်ထားသည်ကို တွေ့ ရသည်။

No comments:

Post a Comment