Saturday, June 15, 2019

လူ့အခွင့်အရေးကိစ္စတွေမှာ တိုးတက်မှုပြဖို့ ကမ္ဘောဒီးယားကို EU တိုက်တွန်း

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အခွင့်ထူးခံ သတ်မှတ်ချက်တွေ ရုပ်သိမ်းမခံချင်ရင် သောကဖြစ်စရာ ပြဿနာရပ်တွေမှာ တိုးတက်ပြောင်းလဲမှုရှိတယ်ဆိုတာ ပြစေချင်တယ်လို့ EU ဥရောပ သမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ EU ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အပြီး မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ သောကဖြစ်စရာ ပြဿနာရပ်တွေ ဆိုတာ နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှု၊ လွတ်လပ်စွာ ရေးသားပြောဆိုမှု၊ လွတ်လပ်စွာ စည်းရုံးပေါင်းသင်းမှု၊ အဓမ္မမြေသိမ်းယာသိမ်းမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခြေခံလူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေနဲ့ ပတ်သက်လို့ တိုးတက်မှုရှိစေချင်တယ်လို့ EU က ပြောထားပါတယ်။ ကမ္ဘောဒီးယားအစိုးရ ပြောခွင့်ရှိသူကတော့ EU နဲ့ ပူးပေါင်းဆောင်ရွက်မှု ထားရှိသွားမှာ ဖြစ်ပေမယ့် အကြပ်ကိုင် ဖိအားပေးတာမျိုးကိုတော့ လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

No comments:

Post a Comment