Saturday, June 15, 2019

မကွေးမြို့နယ်​ သစ်ရာကောက်​လမ်းဆုံအနီး နွားအုပ်ကို​ရှောင်ရာမှ ခရီးသည်တင်​မှန်လုံကား တစ်စီး လမ်းဘေး သစ်ပင်သို့ ဝင်တိုက်၍ ယာဉ်မောင်း​သေဆုံး

Image may contain: one or more people and outdoorမကွေးမြို့နယ်​ သစ်ရာကောက်​လမ်းဆုံအနီး မကွေး - တောင်တွင်းကြီး ကားလမ်း မိုင်တိုင်​အမှတ်​ ၂၉၉/၂ တွင်​ ဇွန်လ​ ၁၄ ရက်​ ညနေ ၅ နာရီခန့်က ကားလမ်းပေါ် ဖြတ်သန်းလာသည့်​ နွားအုပ်​ကို​ရှောင်ရာမှ ခရီးသည်တင်​မှန်လုံကားတစ်စီး လမ်း​ယာဘက်​ဘေးရှိ သစ်ပင်သို့ ဝင်တိုက်၍ ယာဉ်မောင်း​သေဆုံးခဲ့ကြောင်း ကနဦး သတင်း ရရှိသည်။ မကွေးတိုင်း​ဒေသကြီး မင်းလှမြို့နှင့်​ မန္တလေးမြို့သို့ ​ပြေးဆွဲသည့် ဗဟိုရ်​ခရီးသည်တင်​ မှန်လုံကားသည်​ ကားလမ်းမပေါ်သို့ ဖြတ်သန်းလာသည့် နွားအုပ်ကို တိမ်းရှောင်ရာမှ အရှိန်​မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ သစ်ပင်အား ဝင်ရောက်​တိုက်မိခဲ့ကြောင်း ထိုကားပေါ်တွင်​ ခရီးသည်​ ကိုးဦး လိုက်ပါလာပြီး ယာဉ်မောင်းဖြစ်သူမှာ ​သေဆုံးခဲ့ကြောင်း သိရသည်။


“နွားတွေ၊ ​ခွေးတွေ ကားလမ်းတွေပေါ် ဖြတ်သန်းတာတွေက ကားတွေ ဆိုင်ကယ်တွေအတွက်​ အရမ်း အန္တရာယ်​များပါတယ်​။ အခု ကားတိုက်မှုက သစ်ရာကောက်​ နယ်မြေရဲစခန်း အပိုင်​ဆိုတော့ အဲဒီမှာ အမှုဖွင့် စစ်ဆေးနေပါတယ်” ဟု ​တောင်တွင်းကြီးမြို့မှ ​ဒေသခံတစ်ဦးက ​ပြောကြားသည်​။

အဆိုပါ အခင်းဖြစ်​ ​နေရာသို့ ​​တောင်တွင်းကြီးမြို့နယ်​မီးသတ်​ဦးစီးဌာနမှတပ်ဖွဲ့ဝင်များနှင့်​ ပရဟိတအဖွဲ့များမှ သွားရောက်​ကူညီ၍ ကယ်ဆယ်ရေး လုပ်ငန်းများ ​​ဆောင်ရွက်​​ပေးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment