Saturday, June 15, 2019

ဒီပဲယင်းမြို့နယ် ဆည်မြောင်းတာပေါင်ပေါ်ရှိ သက်တမ်းရင့် ကုက္ကိုပင်များကို ခုတ်ယူခဲ့သူများအား အရေးယူမည်

 ဒီပဲယင်းမြို့နယ် လက်လှုပ် ကျေးရွာ ကျေးရွာချင်းဆက်လမ်း ဆည်မြောင်း  တာပေါင်ပေါ်ရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီးများ ကို ခုတ်ယူခဲ့သူများအား အရေးယူ မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေ သကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောသည်။ ဇွန်လ ၁၃ ရက်က ကျင်းပသော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စား လှယ် ဒေါ်နှင်းခိုင်စိုး၏ ဒီပဲယင်းမြို့နယ် လက်လှုပ်ကျေးရွာ ဆည် မြောင်းပေါင် အဟောင်းပေါ်ရှိ ကုက္ကိုပင်ကြီးများကို တောင်သူ တစ်ဦးက ဦးဆောင်၍ ဥပဒေမဲ့ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် ပတ် သက်သော မေးခွန်းကို ဦးကမ်ဇာ မုံက ဖြေကြားခဲ့သည်။



‘‘အဆိုပါနေရာသည် လယ်ယာသုံးတူးမြောင်းဟောင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် တူး မြောင်းအဖြစ် အသုံးမပြုတော့ဘဲ မြေစာရင်းဦးစီးဌာန စာရင်းမြေ ပုံတွင် ဆည်မြောင်းတာတမံမြေ အဖြစ် အသုံးပြုလျက်ရှိကြောင်း ပြန်ကြားချက်ကို အကိုးအကား ပြု၍ ဌာနပိုင်မြေအဖြစ်မှတ်ယူပြီး ဆည်မြောင်းတာတမံပေါ်ရှိ သစ်ပင်များအား ခုတ်ယူအသုံးပြုသည့် ပုဂ္ဂိုလ်များကို တူးမြောင်းအက်ဥပ ဒေပုဒ်မ ၂၅ အရ တရားစွဲဆိုသွား မည်’’ဟု ဦးကမ်ဇာမုံက ဆိုသည်။

လက်လှုပ်ကျေးရွာအဝင် ဆည်ဟောင်းတာပေါင်ပေါ်တွင် အရိပ်အာဝါသ ကောင်းသော ကုက္ကိုပင် ၂၀ ခန့်အနက် တောင်သူတစ်ဦးက ဦးဆောင်ကာ ၁၈ ပင်ကို အကိုင်းအခက်များ မကျန်အောင် ခုတ်ယူခဲ့၍ နောက်နောင် ဥပဒေမဲ့ခုတ်ထွင်ခြင်း မပြုရဲအောင် အမြန်ဆုံးအရေးယူပေးရန် ဒေါ်နှင်းခိုင်စိုးက လွှတ်တော်သို့ တင်ပြခဲ့သည်။

‘‘ကျွန်မရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ လက်လှုပ်ကျေးရွာအုပ်စု လက် လှုပ်ကျေးရွာအဝင် ဆည်မြောင်း ပေါင်မှာရှိတဲ့ လွန်ခဲ့သော နှစ် ပေါင်း ငါးဆယ်ခန့်ကတည်းက ထိန်းသိမ်းခဲ့တဲ့ ကုက္ကိုပင်ကြီးများရှိပါတယ်။ အရိပ်အာဝါသ ကောင်းမွန်တဲ့အတွက် ဒီဟာကို ထိန်းသိမ်းဖို့ တာဝန်ရှိတယ်ဆိုပြီး တော့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ကနေ ကျေးရွာသူ၊ ကျေးရွာသား များနဲ့ တွေ့ဆုံဆွေးနွေးပြီး ဖြစ်ပါ တယ်။ ဒါပေမဲ့ တခြားသော အဖွဲ့အစည်းတစ်ခုကနေပြီးတော့ ဒီ ကုက္ကိုပင်ကြီးများဟာ သစ်တော ဥပဒေမှာ ပါရှိတာ မဟုတ်တဲ့အတွက် ခုတ်ထွင်လို့ ရတယ်ဆိုတဲ့သဘောကို ပြောတဲ့အတွက် ကြောင့် ခုတ်ထွင်ခဲ့ပါတယ်။ အဲဒီလို ခုတ်ထွင်လို့ ရတယ်ဆိုပြီး နောက်ထပ်ကျေးရွာသူ၊ ကျေးရွာ သားများကလည်း ဒီလိုမျိုး သစ်ပင်တွေ ခုတ်ထွင်ဖို့အတွက် ကျွန်မ တို့ကို ဆွေးနွေးလာပါတယ်’’ ဟု ဒေါ်နှင်းခိုင်စိုးက ပြောသည်။ အဆိုပါသက်တမ်းရင့် သစ် ပင်ကြီးများကို ခုတ်လှဲ၍ ဒေသရှိ အုတ်ဖုတ်သော ဖိုများသို့ ထင်း ရောင်းချမှုများ ရှိခဲ့ပြီး သစ်ပင်ခုတ်လှဲခြင်းမပြုရန် အောက်ခြေတွင် အကြိမ်ကြိမ် ဆွေးနွေးသော် လည်း အဆင်မပြေမှု ဖြစ်နေ၍ လွှတ်တော်သို့ မေးခွန်းမေးမြန်းခြင်းဖြစ်ကြောင်း ဒေါ်နှင်းခိုင်စိုးက ပြောသည်

No comments:

Post a Comment