Saturday, June 15, 2019

ဒေါ်အောင်ဆန်းစုကြည်အလိုမရှိကြောင်း စာရွက်များ မန္တလေးမြို့ပေါ် ဖြန့်ဝေ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်အတွင်း ဘုန်းကြီးကျောင်းတိုက်တွေအနီးမှာ ဒေါ်အောင်ဆန်းစုကြည် အလိုမရှိကြောင်း ရေးသားထားတဲ့ စာရွက်တွေ ဖြန့်ဝေမှု ဖြစ်ပွားခဲ့ပါတယ်။ ဖြန့်ဝေနေတဲ့ စာရွက်တွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ ဆရာတော်ဦးဝီရသူကို ထောင်ဒဏ်တသက်တကျွန်းထိ ချနိုင်တဲ့ပုဒ်မ ဖြစ်တဲ့ ၁၂၄ (က) နဲ့ စွဲချက်တင်ထားပါတယ်လို့ ရေးသားထားပါတယ်။ သာသနာဖျက် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပစ်ဖို့ အချိန်ရောက်ရှိပါပြီ ဘုရားဆိုတဲ့ သံဃာတော်တွေအား လှုံ့ဆော်စာတွေကို ကျောင်းတိုက်တွေနဲ့ အနီးဝန်းကျင်တွေမှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
“သံဃာတော်တွေကို လှုံ့ဆော်တဲ့စာတွေ တခြားမြို့နယ်တွေမှာ ဖြန့်ဝေနေတယ်လို့ သတင်းရရချင်း မီးပွိုင့်တွေ၊ စာသင်ကျောင်းနဲ့ ဈေးကြီး တွေအနီးမှာ ကြိုတင်ပြီး လုံခြုံရေးစောင့်နေကြတာ ည ၁၁ နာရီကျော်ထိတော့ ထူးခြားတာ မတွေ့ရသေးဘူး” လို့ ချမ်းမြသာစည်မြို့နယ် အမှတ် (၃) ရပ်ကွက် ဥက္ကဋ္ဌ ဦးကျော်ကျော်ကပြောပါတယ်။ မြို့နယ်တချို့မှာ စာရွက်တွေ ဖြန့်ဝေနေတာ ဘယ်အဖွဲ့စည်းဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

No comments:

Post a Comment