Saturday, June 15, 2019

ကမာ့နိုင်ငံအများဆုံးရောက်ရှိခဲ့ဖူးသည့် အသက်အငယ်ဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင်ခဲ့သည့် မိန်းကလေး

Image may contain: 2 people, people smiling, people sitting and outdoorအမေရိကန်နိုင်ငံက လက်ဆီ အယ်လ်ဖို့ဒ်လို့အမည်ရတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးက ကမ္ဘာ့နိုင်ငံ ပေါင်း ၁၉၆ နိုင်ငံကို ခရီးနှင်ခဲ့ပြီး ကမ္ဘာ့နိုင် ငံအများဆုံးကို လည်ပတ်ရောက်ရှိခဲ့တဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်အဖြစ် စံချိန် တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ဆီက ငယ် ငယ်လေးတည်းက ခရီးသွားရတာကို ဝါ သနာပါသူဖြစ်ပြီး ခရီးသွားကုမ္ပဏီတစ်ခု တောင် ဖွင့်လှစ်ထားခဲ့သူဖြစ်ပါတယ်။ လက်ဆီက မြောက်ကိုရီးယားနိုင်ငံမှာ သူရဲ့ကမ္ဘာ့ပတ်ခရီးစဉ်ကို အဆုံးသတ်နိုင် ခဲ့ပြီဖြစ်တဲ့အကြောင်း မေလ ၃၁ ရက်မှာ အတိအလင်းကြေညာခဲ့တာဖြစ်ပါတယ်။
လက်ဆီက တောင်ကိုရီးယားနဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်စစ်မဲ့ဇုန်ကနှစ် နိုင်ငံပူးတွဲလုံခြုံရေးနေရာကို လည်ပတ် ရောက်ရှိခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံကို လည်ပတ်မှုအဖြစ် ဖော်ပြခဲ့တာဖြစ်ပါတယ်။

အမေရိကန်က မြောက်ကိုရီးယား ကို ခရီးသွားလာခွင့်ပိတ်ပင်ထားခဲ့တဲ့အတွက် ဂင်းနက်စ်စည်းမျဉ်းအရ ကိုရီးယား နယ်စပ်စစ်မဲ့ဇုန်ကို လည်ပတ်ရုံနဲ့ မြောက် ကိုရီးယားမြေကို ရောက်ရှိမှုအဖြစ် သတ် မှတ်ခွင့်ပြုပေးခဲ့တာလို့သိရပါတယ်။ ဂင်း နက်စ်စံချိန်မှာ တရားဝင်စာရင်းသွင်းအ သိအမှတ်ပြုခဲ့ပြီးရင်တော့ အသက် ၂၄ နှစ်နဲ့ ကမ္ဘာ့နိုင်ငံအားလုံးကို ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံက ဂျိမ်းစ်အက်စကွစ်ရဲ့ စံချိန် ဟောင်းကို လက်ဆီရဲ့ ၂၁ နှစ်စံချိန်သစ် နဲ့ လွှဲပြောင်းရရှိသွားမှာဖြစ်ပါတယ်။ မီဒီ ယာတွေမှာဖော်ပြနေသလိုမျိုး ကမ္ဘာကြီး က ကြောက်မက်ဖွယ်ရာမဟုတ်ဘဲ အ ကြင်နာတရားက နေရာတိုင်းမှာ ရှိနေဆဲ ပါပဲဆိုတာကို ပြသလိုတဲ့ဆန္ဒနဲ့ ကမ္ဘာ့နိုင် ငံတွေတိုင်းကို ခရီးနှင်ခဲ့တာလို့ လက်ဆီ က ဆိုပါတယ်။

No comments:

Post a Comment