Saturday, June 15, 2019

လူဦးရေအခြေပြုကင်ဆာရောဂါစာရင်း ယခုနှစ်တွင် ထုတ်ပြန်ရန်စီစဉ်

လူဦးရေအခြေပြုကင် ဆာရောဂါစာရင်းကောက်ယူမှု ရလဒ်များ ယခုနှစ်အတွင်း ထုတ် ပြန်နိုင်ဖွယ်ရှိကြောင်း ရန်ကုန် ဆေးရုံကြီး ကင်ဆာရောဂါဆေး ပညာဌာန ပါမောက္ခဒေါက်တာ ခင်သင်းမူက ပြောသည်။ လူဦးရေအခြေပြု ကင်ဆာရောဂါ စာရင်းကောက်ယူခြင်း (Population Based Cancer Registry)ကို ၂၀၁၈ က စတင်ကောက်ယူကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ မကူးစက်နိုင်သော ရောဂါကာကွယ်နှိမ်နင်းရေးဌာနကဦးဆောင်၍ ကောက်ယူခြင်းဖြစ်သည်။



‘‘ကင်ဆာစာရင်းမှတ်တမ်း ကောက်တာ နိုင်ငံတော်ကဦးစီးပြီး လုပ်တာပါ။ ၂၀၁၉ နှစ်လယ်၊ နှစ် ကုန်ကျမှ ထုတ်ပြန်မယ်။ အခုက တော့ တော်တော်လေးကိုပြီးနေ ပါပြီ။ ဒါပေမဲ့ ထုတ်ပြန်ဖို့လိုပါ သေးတယ်။ အခု Analysis လုပ် ဖို့လိုပါသေးတယ်။ စာအုပ်လည်း ထုတ်မယ်။ လူထုကိုလည်း ချပြ မယ်။ နောက်ပြီးကျတော့ အကုန် လုံးကိုလည်း အသိပေးမှာပါ။ အဲဒီတော့မှ ဘယ်လောက်ကင် ဆာဘာတွေဖြစ်လဲ၊ ဘယ်လိုကာ ကွယ်ရမလဲ၊ နောက်တစ်ခုက စောစောသိလို့ရှိရင် ရောဂါတွေ ကို ပျောက်အောင်ကုသပေးလို့ ရလဲ အဲဒါတွေကိုဦးတည်ထား တာပါ’’ ဟု ဒေါက်တာခင်သင်းမူကပြောသည်။

လက်ရှိတွင် နေပြည်တော် အပြင် ရန်ကုန်တိုင်းတစ်တိုင်း လုံးအတိုင်းအတာဖြင့် လူဦးရေအ ခြေပြု ကင်ဆာရောဂါစာရင်း ကောက်ယူခြင်း ဆောင်ရွက်နေပြီး နောက်ပိုင်းတွင် မန္တလေးနှင့် တောင်ကြီးမြို့၌ ထပ်မံတိုးချဲ့ ဆောင်ရွက်မည်ဖြစ်သည်။

ကင်ဆာရောဂါကာကွယ် နှိမ်နင်းရေး၊ ကုသရေးစီမံချက်ကို အကုန်အကျသက်သာစွာဖြင့် အ ကျိုးရှိထိရောက်သောလုပ်ငန်း ဖြစ်လာစေရန် ကင်ဆာရောဂါ စာရင်းကောက်ယူခြင်းသည် အ ရေးကြီးပြီး ထိုကဲ့သို့စာရင်းရရှိ ခြင်းဖြင့် ကင်ဆာအမျိုးအစားနှင့် အသက်အရွယ်အလိုက်ဖြစ်ပွား နှုန်းများ သိရှိလာ၍ကင်ဆာရော ဂါကာကွယ်ရေး၊ ကုသရေးလုပ် ငန်းများ ပိုမိုဆောင်ရွက်နိုင်ခြင်း၊ ကင်ဆာဖြစ်ပွားစေသော အ ကြောင်းအရာများကို သုတေသန ပြုလုပ်ခြင်းနှင့် စီမံကိန်းများတိုးတက်ကောင်းမွန်အောင် ရေးဆွဲ နိုင်ခြင်း စသည့်အကျိုးကျေးဇူး များရရှိနိုင်ကြောင်း ဆရာဝန်ကြီး များက သုံးသပ်သည်။ ရန်ကုန်ဆေးရုံကြီးရှိ ကင် ဆာရောဂါ  ဆေးပညာဌာနသို့ ယခင်နှစ်က ကင်ဆာလူနာလာ ရောက်ကုသမှု လေးသောင်း ကျော်ရှိပြီး လက်ရှိတွင်နေ့စဉ် လူ ၂၀၀ ကျော်လာရောက်ကုသနေ ကြောင်း ဆေးရုံမှတ်တမ်းများ၌ ဖော်ပြသည်။

No comments:

Post a Comment