Saturday, June 15, 2019

အိန္ဒိယနိုင်ငံ ဥတာပရာဒတ်ရှ်ပြည်နယ်တွင် သဲမုန်တိုင်းကြောင့် လူ ၁၃ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် သဲမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၁၃ ဦးရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ယင်းပြည်နယ်ရှိ ဆဒ်ဒါသာနာဂါခရိုင်မှ လူ ၄ ဦး၊ ဒီရိုရီယာခရိုင်မှ ၃ ဦး၊ ဘော်လီယာခရိုင်မှ ၂ ဦးနှင့် လာခင်မိပူရ် ခီရီခရိုင်၊ ဆွန်ဘာဒရာခရိုင်နှင့် အယုဒ္ဓယခရိုင်များမှ ၁ ဦးစီ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူက ဆိုသည်။ ထို့ပြင် အဆိုပါပြည်နယ်၌ သဲမုန်တိုင်းကြောင့်ပင် လူ ၁ ဦးဒဏ်ရာရရှိခဲ့ပြီး တိရစ္ဆာန် ၂၂ ကောင်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်သီတင်းပတ်က ဥတာပရာဒတ်ရှ်ပြည်နယ်ရှိ နေရာများစွာ၌ ပြင်းထန်သော သဲမုန်တိုင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်မှုကြောင့် လူ ၂၆ ဦးခန့် သေဆုံးခဲ့ဖူးကြောင်း သိရသည်။

No comments:

Post a Comment