Saturday, June 15, 2019

တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ မသန်စွမ်းကျောင်းသူကျောင်းသား ၁၇၁ ဦး ဝင်ရောက်ဖြေဆိုပြီး ၃၃ ဦး အောင်မြင်

၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံ အတိုင်းအတာအရ မသန်စွမ်း ကျောင်းသူ ကျောင်းသား ၁၇၁ ဦးဝင်ရောက် ဖြေဆိုပြီး  ၃၃ ဦး အောင်မြင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည်။ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အကြားအာရုံ မသန်စွမ်း ကျောင်းသူ ကျောင်းသား သုံးဦး၊ အမြင်အာရုံ မသန်စွမ်း ကျောင်းသူ ကျောင်းသားလေးဦးနှင့် ကိုယ်လက်အင်္ဂ࿿ါမသန်စွမ်း ကျောင်းသား ကျောင်းသူ ၂၆ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။



“ဂုဏ်ထူးတွေလည်း ပါကြပါတယ်။တစ်ဘာသာ နှစ်ဘာသာ အဲဒီလိုမျိုးလေးတွေ ပါကြတယ်” ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောသည်။ ထို့အပြင် ရန်ကုန်တိုင်းမှ  ကိုယ်လက်အင်္ဂ࿿ါ မသန်စွမ်းတစ်ဦး ငါးဘာသာဂုဏ်ထူး ရရှိကြောင်း  ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောသည်။

တက္ကသိုလ်ဝင် စာမေးပွဲတွင် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူ ၁၇၁ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

 အကြားအာရုံ မသန်စွမ်းသူ ကျောင်းသူကျောင်းသားများတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ လေးဦး၊ မန္တလေးတိုင်းဒေသကြီးမှ လေးဦး၊ ရန်ကုန်တိုင်းတိုင်းဒေသကြီးမှ ခြောက်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှတစ်ဦး စုစုပေါင်း ၁၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အမြင်အာရုံ မသန်စွမ်းသူ ကျောင်းသူ ကျောင်းသားများတွင် ကချင်ပြည်နယ်မှ နှစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ခြောက်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ သုံးဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ၁၃ ဦး စုစုပေါင်း ၂၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ကိုယ်လက်အင်္ဂ࿿ါမသန်စွမ်းသူ ကျောင်းသူ ကျောင်းသားများတွင် ကချင်ပြည်နယ်မှ သုံးဦး၊ ကရင်ပြည်နယ်မှ နှစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ခုနစ်ဦး၊ တနင်္သ࿿ာရီတိုင်းဒေသကြီးမှ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မှ ရှစ်ဦး၊ မကွေးတိုင်းဒေသကြီးမှ ငါးဦး၊ မန္တလေးတိုင်းဒေသကြီးမှ လေးဦး၊ နေပြည်တော်မှ နှစ်ဦး၊ မွန်ပြည်နယ်မှ ကိုးဦး၊ ရခိုင်ပြည်နယ်မှ ခုနစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ  ၅၀ ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ သုံးဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၃၀ ဦး စုစုပေါင်း ၁၃၂ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

အမြင်အာရုံ မသန်စွမ်းသူများနှင့် ကိုယ်လက်အင်္ဂ࿿ါ မသန်စွမ်းသူများအတွက် စာဖြေချိန်အား သတ်မှတ်ချိန်ထက် နာရီဝက် ပိုမိုဖြေဆိုခွင့်ပြုထားပြီး ကိုယ်တိုင်ဖြေဆိုနိုင်ခြင်းမရှိသူများအား နဝမတန်း ကျောင်းသူ၊ ကျောင်းသားတစ်ဦးကို နှုတ်ဖြင့်ပြော၍ ကိုယ်စားရေးခွင့်ပြုထားသည်။

ယမန်နှစ် ၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲတွင် မသန်စွမ်းကျောင်းသူ ကျောင်းသား ၁၆၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အကြားအာရုံ မသန်စွမ်း နှစ်ဦး၊ အမြင်အာရုံ မသန်စွမ်း ၁၁ ဦးနှင် ကိုယ်လက်အင်္ဂ࿿ါမသန်စွမ်း ၃၂ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၈၅၁၅၂၄ ဦးရှိပြီး အောင်မြင်သူ ၂၆၇၆၉၆ ဦးရှိကာ အောင်မြင်ရာခိုင်နှုန်း ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိသည်။ 

No comments:

Post a Comment