Saturday, June 15, 2019

အမျိုးသားသွေးဌာနတွင် တစ်လလျှင် သွေးအလုံးရေ ၈၀ဝ၀ ကျော် လိုအပ်လျက်ရှိပြီး ကလေးဆေးရုံအတွက် လိုအပ်သည့်သွေးပမာဏ မြင့်တက်နေ

ရန်ကုန်မြို့တွင် အသက်ကယ်ရန် တစ်လလျှင် သွေးအလုံးရေ ၈၀ဝ၀ ကျော် လိုအပ်လျက်ရှိပြီး ကလေးဆေးရုံများအတွက် လိုအပ်သည့် သွေးပမာဏကို ပြည့်မီရန် ကြိုးစားလျက်ရှိကြောင်း ရန်ကုန်အမျိုးသား သွေးဌာနမှ သိရသည်။ “ခုလောလောဆယ် အနေထားအရတော့ တာဝန်ယူထားရတဲ့ ဆေးရုံ ၁၄ ရုံအတွက် သွေးက လုံလောက်နေပါပြီ။ ကလေးဆေးရုံအတွက် လိုအပ်တဲ့ သွေးပမာဏကိုလည်း ရရှိဖို့ ကြိုးစားနေပါတယ်။ နောက်ထပ် ၂၀ဝ၀ လောက် ထပ်ရမယ်ဆိုရင် တော်တော်အဆင်ပြေပြီ။
ဒါပေမဲ့လည်း လုပ်အားနဲ့ ဘဏ္ဍဍာဘတ်ဂျက်ကို တွက်ချက်ပြီး လုပ်နိုင် မလုပ်နိုင်ဆိုတာကို ပြန်ချိန်နေရတယ်။ သွေးအလှူရှင် တစ်ယောက်ကို နိုင်ငံတော်က ဘဏ္ဍဍာ ၂၅၀ဝ၀ ထောက်ပံ့ထားတယ်။ အဲဒီအတွက် ကျွန်မတို့က လိုအပ်ချက်ကို လျှော့မလား။ ထောက်ပံ့တာကို တိုးမလား ပြန်စိစစ်နေပါတယ်” ဟု ရန်ကုန်အမျိုးသားသွေးဌာနမှ ဒေါက်တာသီတာအောင်က ပြောကြားသည်။

သွေးလှူဘဏ်အနေဖြင့် တစ်လကို သွေးအလုံးရေ ၈၀ဝ၀ ကျော် လိုအပ်လျက်ရှိပြီး တစ်ပတ်လျှင် ၂၀ဝ၀ ကျော် ရရှိမည်ဆိုပါက လုံလောက်သည့် ပမာဏ ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။ “ခုလောလောဆယ်တော့ လိုအပ်တဲ့ သွေးပမာဏ ပြည့်မီသလောက်ရှိနေပေမဲ့ ရေရှည်အတွက်သွားဖို့ စိုးရိမ်မိတယ်” ဟု ဒေါက်တာသီတာအောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် သွေးသွင်းကုသမှုများအတွက် လိုအပ်သော သွေးနှင့် သွေးပစ္စည်းများကို အမျိုးသားသွေးဌာနမှအပအခြား ဆေးရုံများတွင် သီးခြားဝန်ထမ်းဖွဲ့စည်းမှုမရှိဘဲ ဓာတ်ခွဲခန်းများမှ အလှည့်ကျ ဝန်ထမ်းများကသာ တာဝန်ယူရသော အခြေအနေဖြစ်၍ စေတနာသွေးလှူရှင်များ၏ ထောက်ပံ့မှုမှာ သွေးလှူဘဏ်များ၏ တာဝန်ရှိ ဝန်ထမ်းများ အားစိုက်မှုထက် ပိုမိုအရေးပါနေသည်ကို တွေ့ရှိရကြောင်း ရန်ကုန်အမျိုးသား သွေးဌာနမှ ဒေါက်တာသီတာအောင်က ပြောကြားသည်။ 

No comments:

Post a Comment