Saturday, June 22, 2019

ကျောင်းဆရာမဖြစ်​​အောင်​ လုပ်​​ပေးမည်​ဟုဆိုပြီး ငွေလိမ်​တောင်းသူကို အမှုဖွင့်အရေးယူ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်​မြို့နယ်​မှာ ​​ပညာရေးဝန်ထမ်း ကျောင်းဆရာမဖြစ်အောင်​ ပြုလုပ်​​ပေးမယ်လို့ ပြောဆိုပြီး  အမျိုးသမီးတဦးဆီကနေ ​ငွေ​ကြေးလိမ်​လည်​ရယူခဲ့သူကို ဇွန်​လ ၁၉ ရက်​​နေ့က အမှုဖွင့်အ​ရေးယူထားတယ်လို့ မိုးကုတ်​မြို့နယ်​ရဲစခန်းက ပြောပါတယ်။



မိုးကုတ်​မြို့နယ်​၊ ကသဲ​ကျောက်​​ဆောင်​​ရပ်​​နေ အမျိုးသမီးတဦးဟာ ခင်​မင်းရင်းနှီးခဲ့တဲ့ ​ကျောင်းဆရာမတ​ဦးရဲ့ ​မောင်​ဖြစ်​သူက ​ကျောင်းဆရာမ​ဖြစ်​​အောင်​လုပ်​​ပေးနိုင်​တယ်လို့ ပြောကာ ​ငွေကျပ်​ ၇ သိန်း တကြိမ် နဲ့ ​ငွေကျပ်​ ၄ သိန်းခွဲ တကြိမ် စုစု​ပေါင်း ငွေကျပ် ၁၁ သိန်းခွဲ တောင်းခံခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ငွေကျပ်  ၁၁ သိန်းခွဲ တောင်းယူခဲ့ပေမယ့် ပညာရေးဝန်ထမ်း ​ကျောင်းဆရာမဖြစ်​​အောင်​ မလုပ်ပေးနိုင်တဲ့အတွက် ​ငွေပြန်ပေးဖို့ တောင်းခံတဲ့အခါ ပြန်​မ​ပေးတာကြောင့် ငွေလိမ်လည်တောင်းခံခဲ့တဲ့ မိုးကုတ်​မြို့နယ်​၊ ​အောင်​သစ်​လွင်​ရပ်​​နေ ရဲမြင့်​သူ (ခ) အငယ်​​လေး ကို အမှုဖွင့်​လှစ်ခဲ့တာလို့ သိရပါတယ်။

မိုးကုတ်မြို့နယ် ရဲမှူး မင်းခိုင်က “ကျနော်တို့ ၄၂၀ နဲ့ တိုင်ထားတဲ့အတွက် အရေးယူထားပါတယ်” လို့ ပြောပါတယ်။

ငွေကြေးလိမ်လည်တောင်းခံမှုနဲ့ ပတ်သက်ပြီး ငွေကြေးလိမ်လည်ခံရသူက တိုင်​တန်းတဲ့အတွက် ရဲမြင့်​သူ (ခ) အငယ်ေ​လးကို ကျပ်​ပြင်​နယ်​​မြေရဲစခန်းမှာ ရာ​ဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၄၂၀ အရ အမှုဖွင့်​လှစ် အရေးယူထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment