Saturday, June 22, 2019

စပိန်၊ လီဗာပူးနှင့် ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ် ဘောလုံးသမားဘဝမှ အနားယူ

 စပိန်နှင့်အတူ ၂၀၁၀ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သောတိုက် စစ်မှူး ဖာနန်ဒိုတောရက်စ်က ဘောလုံးသမားဘဝမှ အနားယူ ကြောင်း ကြေညာသည်။ေ တာရက်စ် (၃၅) နှစ်သည် ဘောလုံးသမားဘဝ ၁၈ နှစ်အ တွင်း အက်သလက်တီကိုမက်ဒရစ်၊ လီဗာပူးနှင့် ချယ်လ်ဆီးတို့၌ကစား ခဲ့ပြီး လက်ရှိတွင် ဂျပန်ကလပ် ဆာဂန်တိုဆူ၌ ကစားနေသည်။ စပိန်အတွက် ပွဲ ၁၁၀ကစား ခဲ့သော တောရက်စ်အနေဖြင့်ယူရို ၂၀၀၈ ဗိုလ်လုပွဲတွင် အနိုင်ဂိုးနှင့် ယူရို ၂၀၁၂ ဗိုလ်လုပွဲတွင် တစ်ဂိုး သွင်းယူခဲ့သည်။



‘‘စိတ်လှုပ်ရှားဖွယ်ရာ ၁၈ နှစ်ကြာပြီးတဲ့နောက် ကျွန်တော် ရဲ့ ဘောလုံးသမားဘဝ အဆုံး သတ်ဖို့အချိန်ကျပါပြီ’’ ဟု တော ရက်စ်က ပြောသည်။

အသေးစိတ်အပြည့်အစုံကို ရှင်းပြရန် ဇွန်လ ၂၃ ရက်တွင် တိုကျို၌ သတင်းစာရှင်းလင်းပွဲပြု လုပ်မည်ဟု တောရက်စ်က ထပ် လောင်းပြောကြားသည်။

အက်သလက်တီကိုမက်ဒ ရစ်တွင် ဘောလုံးသမားဘဝစတင် ခဲ့သူ တောရက်စ်သည် ၂၀၀၇ က လီဗာပူးသို့ ပေါင်သန်း ၂၀ ဖြင့် ပြောင်းရွှေ့ပြီး လီဗာပူးအတွက် ၁၄၂ ပွဲကစားကာ ၈၁ ဂိုးသွင်းယူ ခဲ့သည်။ ၂၀၁၁ တွင် ချယ်လ်ဆီး သို့ ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ ကြောင်း ပေါင်သန်း ၅၀ ဖြင့် ရောက်ရှိပြီး ချယ်လ်ဆီးနှင့်အတူ ၂၀၁၂ ၌ ချန်ပီယံလိဂ်ဖလား၊ ၂၀၁၃ ၌ ယူရိုပါလိဂ်ဖလားနှင့် အက်ဖ်အေဖလားရရှိခဲ့သည်။

ချယ်လ်ဆီးအတွက် ၁၇၂ ပွဲ တွင် ၄၅ ဂိုးသွင်းယူပြီး အေစီမီ လန်သို့ လေးလကြာ အငှားသွား ရောက်ကစားခဲ့ပြီးနောက် ၂၀၁၄ နောက်ပိုင်းတွင် အက်သလက်တီ ကိုသို့ ပြန်ပြောင်းခဲ့ကာ ၂၀၁၈ ၌ ဂျပန်ကလပ်သို့ရောက်ရှိခဲ့သည်။ စပိန်ထာဝရဂိုးသွင်းဘုရင် စာရင်း၌ ၃၈ ဂိုးဖြင့် တတိယနေ ရာတွင်ရှိနေသော တောရက်စ် သည် စပိန်နှင့်အတူ ၂၀၁၀ ကမ္ဘာ့ ဖလားအပါအဝင် အဓိကပြိုင်ပွဲ ကြီးခြောက်ရပ်၌ ပါဝင်ကစားခဲ့ သည်။ 

No comments:

Post a Comment