Saturday, June 22, 2019

မယ်ခွေ၏လက်ဆောင်ကဗျာကို ဒသမတန်းအဆင့် သင်ရိုးညွှန်းတမ်းတွင်ပြန်လည်ထည့်သွင်းရန် ပညာရေးဝန်ကြီးဌာန ခွင့်ပြု

မယ်ခွေ၏လက်ဆောင်ကဗျာကို ဒသမတန်း အဆင့်သင်ရိုးညွှန်းတမ်းတွင်ပြန်လည်ထည့်သွင်းရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အခြေခံပညာအဋ္ဌမတန်းသင်ရိုးမှ မယ်ခွေ၏လက်ဆောင် ကဗျာကိုသင်ရိုးမှထုတ်ပယ်ထားရာ လက်ရှိတွင်ကန့်ကွက်မှု အသီးသီးနှင့်ရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင် သင်ရိုးသစ်များရေး ဆွဲနေခြင်းကြောင့် ယင်းကဗျာကို ကျောင်းသား၊ ကျောင်းသူများ ၏အသက်အရွယ် အတန်းအဆင့်နှင့် ပိုမိုသင့်လျော်သည့်သင် ရိုးသစ်ဒသမတန်း မြန်မာစာဖတ်စာတွင် ပြန်လည်ထည့်သွင်း ရန်အတွက် မြန်မာစာဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီ ဝင်များ၏သဘောတူညီမှုဖြင့် ထည့်သွင်းပြဋ္ဌာန်းသွားရန်အ တွက် ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အခြေ ခံပညာဦးစီးဌာနမှ သိရသည်။



""ဝန်ကြီးဌာနက ဒါကိုပြန်ထည့်ဖို့အတွက် ခွင့်ပြုတယ်ဆို တာ အကြောင်းကြားတယ်။ ဒါကြောင့် သင်ရိုးကော်မတီကို ပြန်ပြီးအကြောင်းကြားပေးထားတယ်။ ဒီအတိုင်း ဖြုတ်လည်း မဖြုတ်ဘဲ ဒီအတိုင်းပဲထားလိုက်ရင် အဲ့ဒီကဗျာက သင်ရိုး ဟောင်းထဲမှာပဲကျန်ပြီး သင်ရိုးသစ်မှာပါလာချင်မှပါလာမှာ။ အခုလိုဆိုတော့ သင်ရိုးသစ်ထဲမှာပြန်ပါလာရင် အဲ့ဒီကဗျာက ပျောက်ကွယ်မသွားတော့ဘူးပေါ့""ဟု အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ဇွန်၂၀ ရက်က ပြောသည်။
လက်ဆောင်ကဗျာကို သင်ရိုးသစ်အတန်းတစ်ခုခုတွင် ပြန်လည်ထည့်သွင်းရန်အတွက် မြန်မာစာဘာသာရပ်သင်ရိုး ညွှန်းတမ်းကော်မတီဝင်များ၏ သဘောတူညီမှုများဖြင့်ပြန်လည် ထည့်သွင်းမည့် အကြောင်းကိုလည်း ပညာရေး ဝန်ကြီးဌာနသို့ တင်ပြခဲ့ရသေးပြီး လက်ရှိတွင်
မြန်မာစာသင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၏ သဘောတူညီမှုများမှာလည်း ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

မယ်ခွေ၏လက်ဆောင်ကဗျာနှင့်ပတ်သက်ပြီး ဇွန် ၇ ရက် တွင် ကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်သမ္မတ ရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ကျောင်းသား၊ ကျောင်း သူများ ဆေးလိပ်သောက်သုံးမှုရှိမရှိ၊ သုတေသနစစ်တမ်းများ မပြုလုပ်ဘဲ သင်ရိုးညွှန်းတမ်းမှဖြုတ်ချခဲ့မှုအပေါ် ပညာရေးဝန် ကြီးဌာနမှ တာဝန်ရှိသူများကိုသတိပေးထားကြောင်း နောင် တွင် ယင်းကဲ့သို့ သင်ရိုးညွှန်းတမ်းပြင်သည့်ကိစ္စများကို ပေါ့ ပေါ့ဆဆမ
လုပ်ရန်ကိုလည်း ပြောကြားထားသည်။လက်ဆောင်ကဗျာသည် အခြေခံပညာအဋ္ဌမတန်းအဆင့် တွင် သင်ကြားနေသည်မှာ နှစ်ပေါင်း ၃၀ အထိရှိနေပြီဖြစ်သည်။

No comments:

Post a Comment