Saturday, June 22, 2019

မြစ်သာရေလှောင်တမံဆည်ရေ ပြည့်လာပြီဖြစ်သည့်အတွက် ရေအားလျှပ်စစ်ပြန်လည်ထုတ်လုပ်

နွေရာသီချောင်း ရေမြောင်းရေများပါ ခန်းခြောက် သည့်အချိန်ဂန်ဂေါ့မြို့နယ်အတွင်း ရှိ မြစ်သာရေလှောင်တမံမှာရေ ခန်းခြောက်မှုဖြစ်ပေါ်ခဲ့သဖြင့် မေ လဆန်းပိုင်းမှအစပြု၍ လျှပ်စစ်မီး ထုတ်လုပ်မှုရပ်ဆိုင်းထားခဲ့ရာမှ ဇွန်လဆန်းပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းလာမှုကြောင့် မြစ်သာဆည် ရေဖြင့် လျှပ်စစ်မီးများပြန်လည် ထုတ်လုပ်ဖြန့်ဖြူးနိုင်ပြီဖြစ်ကြောင်း မြစ်သာဆည် တာဝန်ရှိသူတစ်ဦး က ဇွန် ၁၉ရက်တွင်ပြောသည်။



မြစ်သာရေလှောင်တမံတွင် ယခုအခါရေအမှတ် ၉၇၄ ဒသမ၅၅ အထိရောက်ရှိလာနေပြီးရေပိုလွှဲ အမှတ်မှာ ၁၀၁၀ရှိကာရေပိုလွှဲမှ ရေကျခြင်းမရှိသေးသော်လည်း ရေအားလျှပ်စစ် ထုတ်လုပ်နိုင် သည့် ရေအမှတ်ကိုရောက်ရှိလာ သဖြင့် ဇွန် ၁၉ရက်တွင်စတင် လည်ပတ်ကာ ပြန်လည်ထုတ်လုပ် နေပြီဖြစ်ကြောင်းသိရသည်။

""မြစ်သာရေလှောင်တမံမှာ ခုလိုရေဝင်ရောက်နေမယ်ဆိုရင် နေ့စဉ်လျှပ်စစ်ဓာတ်အား 300MWH ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ မြစ် သာမြစ်ဖျားမှာလည်း မိုးနေ့စဉ်ရွာ သွန်းမှုရှိနေတဲ့အတွက် မြစ်သာ တမံမှာ သတ်မှတ်ထားတဲ့ရေရရှိ နိုင်မှာဖြစ်ပြီး မိုးစပါးစိုက်ပျိုးသူများ အတွက်လည်းရေပေးဝေသွားနိုင် တော့မှာ ဖြစ်ပါတယ်""ဟု ၄င်းက ပြောသည်။

မြစ်သာဆည်၊ မြစ်သာတမံ ကိုမကွေးတိုင်းဒေသကြီး ဂန့်ဂေါ မြို့နယ် ပြင်သာရွာအနီးတွင်မြစ် သာမြစ်ကိုပိတ်၍ ၂၀၁၃ ခုနှစ်မှ စတင်တည်ဆောက်ပြီး ၂၀၁၇ခု နှစ်တွင်ပြီးစီးခဲ့ကာ တမံအမြင့်၂၀၅ ပေ၊ တမံအလျားပေ၃၀ဝ၅၀၊ ပင် မတမံပေ ၂၆၀ဝ၊ ကုန်းကြောတမံ တစ်ခုပေ ၂၇၄၅၀၊ တမံအမြင့်ျွူ ပေ ၁၀၃၀၊ ကန်ရေပြည့် ရေလှောင် ပမာ ဏ ဧကပေ ၃၇၇၆၀ဝ၊ ရေပြင်အ ကျယ်ဧရိယာ ၅၇၈၈ ဧကရှိ၍ မြစ်သာဆည်မှ လယ်စိုက်ဧက ၁၂၀ဝ၀ကို ရေပေးဝေပြီး ဂန့်ဂေါမြို့ နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂ ရွာ အတွက် ရေပေးဝေလျက်ရှိသည်။

ယခုလတ်တလော မြစ်သာ ဆည်မှလျှပ်စစ်ဓာတ်အား ထုတ် လုပ်နိုင်ရန်ရေအားလျှပ်စစ် မဂ္ဂါဝပ် ၂၀ ထုတ်လုပ်သည့်စက်ရုံနှစ်ရုံမှ မဂ္ဂါဝပ် ၄၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နှစ်စဉ် လျှပ်စစ်စွမ်းအား သန်းပေါင်း ကီလိုဝပ် ၁၇၀ ထုတ်လုပ်သွားမည် ဖြစ်သည်။

No comments:

Post a Comment