Saturday, June 22, 2019

ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်၌ ဘင်္ဂ࿿ါလီမွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ တာဝန်ရှိမှုကို ရှောင်လွှဲ၍မရနိုင်ဟု ဘင်္ဂ္လားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်၌ ဘင်္ဂ࿿ါလီမွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ တာဝန်ရှိမှုကို ရှောင်လွှဲ၍ မရနိုင်ဟု ဘင်္ဂ္လားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး  ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ “ကုလသမဂ္ဂဟာ အားလုံးအပေါ် လေးစားမှုမြှင့်တင်တဲ့ လူသားဆန်မှုဥပဒေတွေနဲ့ ပတ်သက်တဲ့ သဘောတရားတွေကို ယုံကြည်ပါတယ်။ ဒါပေမဲ့ အဲဒီအတိုင်း လျော်ညီအောင် ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး။ သူတို့ဟာ အရာများစွာကို ဖုံးဖိထားခဲ့ပါတယ်။ ဒါ့အတွက် သူတို့ အမှန်တကယ် တာဝန်ရှိပါတယ်” ဟု
ဇွန် ၂၀ ရက်က မြို့တော်တွင်ပြုလုပ်သော ဘင်္ဂ္လားဒေ့ရှ်နိုင်ငံတကာနှင့် မဟာဗျူဟာဆိုင်ရာ လေ့လာရေး အင်စတီကျု ဆွေးနွေးပွဲတစ်ရပ်၏ ဘေးဆွယ်တွေ့ဆုံမှု၌ နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များအား ပြောကြားခဲ့သည်။

ဂျီနီဗာကွန်ဗင်းရှင်း နှစ် (၇၀) ပြည့်နှင့် နိုင်ငံတကာ လူသားဆန်မှုဆိုင်ရာဥပဒေ အထိမ်းအမှတ်ပွဲကို နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) နှင့် ဘင်္ဂ္လားဒေ့ရှ် သံတမန်ဆိုင်ရာ ဆက်သွယ်သူများအစည်းအရုံး (DCAB) တို့က ပူးတွဲကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်သည်။
မိုမန်က ဘင်္ဂ࿿ါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအပေါ် မလိုမုန်းထားမှုများမှာ နှစ်ပေါင်းများစွာနှင့် ချီလျက် ဖွဲ့စည်း ဖြစ်ပေါ်လာခြင်းဖြစ်သော်လည်း ကုလသမဂ္ဂက ယင်းကို အလေးထားရန် ပျက်ကွက်ခဲ့သည် ဟု ပြောကြားခဲ့သည်။

တပ်မတော်စစ်ဆင်ရေးတစ်ရပ်ကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လမှစ၍ ဘင်္ဂ࿿ါလီမွတ်စလင် ၇၄၁,ဝ၀ဝ သည် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့ကြပြီး ကုလသမဂ္ဂက ကြေညာချက်များစွာ ထုတ်ပြန်ခဲ့သော်လည်း ယင်းတို့ အများစုမှာ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံကိုသာ အဓိကထားပြီး မြန်မာနိုင်ငံကို အဓိကထားခဲ့ခြင်းမရှိ ဟု ဆိုသည်။

မကြာသေးမီက ထွက်ရှိခဲ့သည့် ကုလသမဂ္ဂအဖွဲ့အတွင်း အစီရင်ခံစာတစ်စောင်တွင် ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ အနေအထားကို ကိုင်တွယ်ရန် စနစ်ပိုင်းဆိုင်ရာ ပျက်ကွက်မှုများကြောင့် ၂၀၁၇ ခုနှစ်တွင် ဘင်္ဂ࿿ါလီမွတ်စလင်များ အလုံးအရင်းဖြင့် ထွက်ပြေးခဲ့ရသည်ဟု ပြောကြားထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်လည်း တရုတ်နှင့် ရုရှားနိုင်ငံတို့က ကန့်ကွက်ခဲ့သောကြောင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းရန် ပြုလုပ် ခဲ့ခြင်းမရှိပေ။
မြန်မာနိုင်ငံသည် ဘင်္ဂ࿿ါလီမွတ်စလင် ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာနှင့် တာရှည်ခံစွာ ပြန်လာနိုင်ရေး အခြေအနေရပ်များကို ဖန်တီးပေးခဲ့ခြင်းမရှိကြောင်းနှင့် ယင်းမှာ ဘင်္ဂ္လားဒေ့ရှ်က ဘင်္ဂ࿿ါလီမွတ်စလင်ဒုက္ခသည် ၁ ဒသမ ၁ သန်းကို လက်ခံထားစဉ်အတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံအပေါ် လုံလောက်သော ဖိအားပေးမှုမရှိသောကြောင့်ဖြစ်ကြောင်း The Daily Star သတင်းဌာနက ဖော်ပြသည်။

မိုမန်က မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂ࿿ါလီမွတ်စလင်များအပေါ် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံရမည်ဟု ပြောကြားခဲ့သည်။ သူက ဂျီနီဗာကွန်ဗင်းရှင်းကို ဒုတိယကမ္ဘာစစ်ပြီးနောက် လူသားဆန်မှုအတွက် ရေးဆွဲခဲ့ခြင်းဖြစ်သော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ရေးဆွဲခဲ့မှု၏ နောက်ကွယ်၌ ရှိခဲ့သူများက အကြမ်းဖက်မှု သို့မဟုတ် စစ်ပွဲက လူသားဆန်မှုကို ချိုးဖောက်သည့်အခါ အကြိမ်ပေါင်းများစွာ မျက်နှာလွှဲထားခဲ့ကြသည်ဟု ပြောကြားခဲ့သည်။ 

No comments:

Post a Comment