Saturday, June 22, 2019

New York Times မှာဖော်ပြခြင်းခံရလို့ဂုဏ်ယူမိသလို ကမ္ဘာကျော်တဲ့ထိ Sexy Modelအဖြစ်ဆက်လုပ်မှာပါလို့ ဆိုလာတဲ့ နန်းမွေစံ

Image may contain: 2 people, people smiling, text and outdoorSexy Model တစ်ယောက် ဖြစ်သလို ဆရာဝန်တစ်ယောက်လည်း ဖြစ်တဲ့ မော်ဒယ်လ် နန်းမွေစံဟာ သူမရဲ့ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ Sexy photo ၊ Video တွေနဲ့ ပတ်သက်လို့ ဆေးကုသခွင့် လိုင်စင် သိမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ သူမရဲ့ သတင်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အပြင် တခြားသော နိုင်ငံတွေရဲ့ သတင်း Websites နဲ့ သတင်းစာတွေ မှာပါ ဖော်ပြခြင်းခံရခဲ့တာဖြစ်ပါတယ်။


ကမ္ဘာကျော်သတင်း Website တစ်ခုဖြစ်တဲ့ New York Times မှာလည်း သူမ သတင်းကို သေချာ အင်တာလာဗျူးကာ အကျယ်တ၀င့် ဖော်ပြခဲ့ပြီး ဒီအတွက်နဲ့ ဂုဏ်ယူမိသလို လိုင်စင်သိမ်းခံရတဲ့ အပေါ် စိတ်ဓာတ်ကျနေတဲ့ကြားက အဆိုးက အကောင်းဖြစ်လာပြီး ၀မ်းသာပျော်ရွှင်မိကြောင်း ဆိုလာပါတယ်။ “မွေစံက ဒီမှာ ကြိုးကြိုးစားစားနဲ့ ဆရာဝန်ဖြစ်လာတာကို အစိုးရဘက်က လိုင်စင်သိမ်းသွားတယ်။ ဒါက (လူမှုရေး)ပိုင်း လဲ မဟုတ်ပဲ Political (နိုင်ငံရေး) ပိုင်း တွေပါလာလို့ တမ္ဘာလုံးက အရမ်းကို စိတ်ဝင်စားသွားကြတာပါ။ မွေးစံအတွက် မကောင်းတဲ့ သတင်းဖြစ်စရာ မရှိပါဘူး။ မွေစံက ခံရတဲ့သူပါ။ ကျေနပ်လို့ Sexy Model လုပ်တယ်။ ခု Sexy Model ကပဲ New York Times မှာ ဖော်ပြခြင်းခံရတယ်။

ဒီ Sexy Model ကပဲInstagram မှာပါ Official Blue Mark ရရှိခဲ့တယ်။ပြောရရင်တော့ မွေစံရဲ့ သတင်းတွေက ကမ္ဘာကျော်ဖြစ်နေတာပေါ့။မလေးရှား ၊ ထိုင်း၊ ဘန်ကောက် Forbes၊ CNA ၊ Singapore ၊ အင်ဒိုနီးရှား ပြီးတော့ ဟောင်ကောင် ၊ရုရှား ၊ အိန္ဒိယထိ.. အာရှတခွင် အကုန်လုံး မွေစံ သတင်း ပါတယ်။ နောက် သတင်းစာတွေ အထိပါ မွေစံရဲ့ပုံကို ထုတ်ဝေတဲ့ထိပါ။ မွေစံအကြောင်းကို ဘာသာပြန်ပြီ ဘာသာမျိုးစုံနဲ့ ရေးထားတော့ အရမ်းပျော်ပါတယ်။ နောက် မွေစံရဲ့ ဂုဏ်သတင်းက နယူးယောက်ခ်ထိပါ ရောက်သွားတယ်။ ဒီအချိန်မှာ Instagram Blue Mark လျှောက်လို့ ရတယ်ဆိုလို့ လျှောက်လိုက်တာ အိပ်ယာက နိုးတော့ ရသွားတယ်။ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဆက်ပြီးကြိုးစားမှာပါ။ နောက်ဆုံး ကမ္ဘာကသိတဲ့ Celebrity တစ်ယောက်ဖြစ်အောင် ကြိုးစားမှာပါ။” လို့ နန်းမွေစံက ဖြေကြားခဲ့ပြီး Sexy Model တစ်ယောက်အဖြစ် နောက်ဆုံး အနုပညာလှုပ်ရှားမှုတွေ မြင်တွေ့ရဦးမဲ့ သူမကို ဆက်လက် အားပေးကြပါဦးနော်..။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ…

No comments:

Post a Comment