Saturday, June 22, 2019

တောင်ကြီးမြို့၌ ကျပ်သန်း၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမည်

တောင်ကြီးမြို့၌ ကျပ် ၂၁၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တရားမဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ဇွန်လ ၂၅ ရက်တွင် မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်က ပြောသည်။ တရားမဝင် မူးယစ်ဆေးဝါး များကို ၂၀၁၈ မေလမှ ၂၀၁၉ မေလ စတုတ္ထပတ်အထိ ဖမ်းမိခဲ့ သည့် မူးယစ်ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများဖြစ်ပြီး အဝေရာမီးပုံးပျံ ကွင်းတွင် အခမ်းအနားဖြင့် မီးရှို့ ဖျက်ဆီးမည်ဖြစ်ကြောင်း ရဲမှူး ချုပ်ဇော်ခင်အောင်က ပြောသည်။ ‘‘ဇွန်လ ၂၅ ရက်နေ့မှာ အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးမယ်။ အခု လက်ရှိစာရင်းက အတည်တော့မ ဟုတ်သေးဘူး။ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေကို လာအပ်နေတာ တွေရှိသေးတယ်။ ထပ်တိုးလာ နိုင်တယ်’’ဟု ရဲမှူးချုပ် ဇော်ခင် အောင်က ပြောသည်။



ရှမ်းပြည်နယ်တွင် ဖမ်းမိ သော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီး ခြင်းကို (၉)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း ရဲမှူးချုပ်ဇော်ခင် အောင်က ပြောသည်။ အဆိုပါမူးယစ်ဆေးဝါးများ သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် ဖမ်းမိထားသည့် မူးယစ်ဆေးဝါး များဖြစ်ပြီး စိတ်ကြွရူးသွပ်ဆေး ပြားသည် အရေအတွက်အများ ဆုံးဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြသည်။ ရှမ်းပြည်နယ်တွင် ၂၀၁၆ က ကျပ် ၃၇ ဘီလီယံကျော် (ကန်ဒေါ်လာ ၃၁ သန်း)တန်ဖိုးရှိ ဖမ်းမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး ခဲ့ပြီး ၂၀၁၇ ဇွန်လအထိ ကန်ဒေါ်လာ ၁၄၃ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့သည်။

No comments:

Post a Comment