Saturday, June 22, 2019

ပြည်သူတွေသာမက နိုင်ငံခြားသားတွေကိုပါ ရပ်တန့်သွားစေခဲ့တဲ့ မြဝတီမြို့က နိုင်ငံတော်သီချင်း🇲🇲🇲🇲🇲🇲

ပြည်ပနိုင်ငံခြားသားများစွာ လာရောက်လည်ပတ်မှုများနေတဲ့ ပြည်တွင်းဒေသတွေမှာ ထူးထူးခြားခြားတွေ့မြင်ရတဲ့ မြင်ကွင်းတစ်ခုကတော့ ပြည်တွင်းပရိသတ်တွေကို အံ့အားသင့်စေခဲ့တာပဲဖြစ်ပါတယ်။ ပြည်တွင်းတိုင်းဒေသကြီးများစွာမှာ တော်ရုံမကြားရနိုင်တော့တဲ့ နိုင်ငံတော်သီချင်းကို နေ့စဉ်ဖွင့်ကာ စည်းကမ်းတကျလိုက်နာမှုတွေပြုလုပ်နေတဲ့ မြို့အချို့ရဲ့ ဒေသခံတွေကိုတော့ ပရိသတ်တွေလည်း လေးစားမိကျမယ်ထင်ပါတယ်။



အဆိုပါ မြို့လေးကတော့ မြဝတီမြို့ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သီချင်းကို နေ့စဉ် မနက် ၉နာရီမှာ ဖွင့်လေ့ရှိပြီး ခရီးသွားပြည်သူတိုင်း နိုင်ငံတော်သီချင်းသံကြားတိုင်း ရပ်တန့်လေ့ရှိတာတွေ့ရပါတယ်။ ပြည်သူတွေရဲ့ စည်းကမ်းတကျလိုက်နာမှုတွေကြောင့် လာရောက်လည်ပတ်သူ နိုင်ငံခြားသားတွေတောင် ရပ်တန့်ခဲ့ရပြီး နိုင်ငံတော်သီချင်းဆုံးသည့်အထိ နေကြရတာပဲဖြစ်ပါတယ်။

လေးစားစရာကောင်းလောက်အောင်ပြုလုပ်တက်တဲ့ မြဝတီမြို့သားတွေရဲ့ နိုင်ငံချစ်စိတ်ကိုတော့ ပြည်တွင်းပရိသတ်တွေလည်း အတုယူမိမယ်ထင်ပါတယ်။ ပြည်တွင်း ပြည်သူတွေတောင်သာမက ပြည်ပနိုင်ငံခြားသားတွေကိုတောင် ရပ်တန့်စေခဲ့တဲ့ မြဝတီမြို့က နိုင်ငံတော်သီချင်းသံ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

No comments:

Post a Comment