Saturday, June 22, 2019

ဟောင်ကောင် အနက်ရောင်ဝတ်ဆန္ဒပြသူများ ရဲဌာနချုပ်အနီးပရိဝုဏ်ကို သိမ်းပိုက်

ဟောင်ကောင်မှာ အနက်ရောင်ဝတ် ဆန္ဒပြသူတွေက ဇွန် ၂၁ ရက်က ရဲဌာနချုပ်ရှိရာ ချီတက်ကြပြီး ဌာနချုပ်ရှေ့ လမ်းမတွေနဲ့ အနီးပရိဝုဏ်ကို သိမ်းပိုက်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဂျိုရွှာဝေါင် လာရောက်ပူးပေါင်းခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုကို ရှုတ်ချခဲ့ပါတယ်။ အဲဒီနောက် ဂျိုရွှာဝေါင်က ဆန္ဒပြပွဲကို အကြမ်းဖက်ဆန္ဒပြပွဲဆိုပြီး မသုံးနှုန်းဖို့ အစိုးရကို တိုက်တွန်းပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ အနက်ရောင် ကျောင်းသားအများစု ဖြစ်ကြပြီး ဦးထုပ်၊ မျက်မှန်နဲ့ နှာခေါင်းစည်းတွေ စည်းထားကြပါတယ်။


သူတို့ဟာ  လွှတ်တော်နဲ့ အစိုးရအဆောက်အဦ ၀န်းကျင်က အထင်ကရလမ်းတွေကို ပိတ်ဆို့ခဲ့တဲ့အတွက် ယာဉ်အသွားအလာ ထိခိုက်ခဲ့ပါတယ်။ ဒီလအတွင်း ဟောင်ကောင်မှာ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ သန်းချီတဲ့လူတွေ ပါဝင်ခဲ့ပါတယ်။ အဲဒီ ဥပဒေကြမ်းအရ ပြစ်မှုကျူးလွန်သူတွေကို ထိုင်ဝမ်နဲ့ မကာအိုလို တခြားနယ်မြေတွေနဲ့ ပြည်မကြီးကို လွှဲပေးနိုင်ပါတယ်။ အဲဒီဥပဒေကြမ်း ဆန့်ကျင်ဆန္ဒပြပွဲကို  ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ မျက်ရည်ယို ဓာတ်ငွေ့သုံး လူစုခွဲတာကြောင့် ဟောင်ကောင်မှာ ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

No comments:

Post a Comment