Saturday, June 22, 2019

မုတ္တမပင်လယ်ကွေ့တစ်လျှောက် ဒီရေတောများကို တိုင်းအစိုးရထိန်းသိမ်းနေ

မုတ္တမပင် လယ်ကွေ့တစ်လျှောက် ဒီရေတော များထိန်းသိမ်းနိုင်ရန် ဒေသခံပြည် သူအစုအဖွဲ့ပိုင် သစ်တောဖွဲ့စည်း သောနည်းဖြင့် လုပ်ဆောင်နေ ကြောင်း သိရသည်။ ဇွန်၂၀ရက်က ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်အစည်းအဝေး၌ ကွမ်းခြံကုန်း လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မင်းမင်း၏ ဒီရေ တော (ကြိုးပြင်ကာကွယ်တော)များ အမြန်ဆုံးဖော်ဆောင် တည် ထောင်ပေးပြီး လက်ရှိလုပ်ဆောင် နေသည့် ရေလုပ်ငန်းများအား တရား ဝင်လုပ်ကိုင် နိုင်စေရေး စိစစ်ဖော် ဆောင်ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်း အင်ဝန်ကြီး ဟံထွန်းက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။



ဒီရေတောစီမံကိန်းများကိုတိုင်းအစိုးရအဖွဲ့ကဖော်ဆောင် နေပြီး၊ ယင်းစီကိန်းများကိုတိုးချဲ့ နိုင်ရန်လည်း လုပ်ဆောင်နေပြီဖြစ် ကြောင်း ゞင်းက ပြောသည်။
""တိုင်းဒေသကြီး အစိုးရအ နေနဲ့ကလည်း ကျွန်တော်တို့မုတ္တမ ပင်လယ်ကွေ့တစ်လျှောက် ဒီရေ တောများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်းအတွက် ဒီရေ တောတည်ရှိပြီး ဒီရေတောများကို သစ်တောဥပဒေဖြင့် ထိထိရောက် ရောက်ကာကွယ်နိုင်ရန် ဒီရေတော ကြိုးပြင်ကာကွယ်တောဖွဲ့စည်းခြင်း၊ အပင်မရှိသော ကွက်လပ်များမှာ ဒီရေတောပင်များ ဖြည့်စွက်စိုက် ပျိုးခြင်း၊ ကြိုးပြင်ကာကွယ်တော ဖွဲ့ပြီး ဒီရေတောများရေရှည်တည် တံ့စေရန်နှင့် ဒေသခံများအကျိုး ခံစားနိုင်ကြစေရန် ဒေသခံပြည်သူ များ အစုအဖွဲ့ပိုင်သစ်တောဖွဲ့စည်း စေခြင်းတို့ကို တိုင်းအစိုးရကအရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါ တယ်""ဟု ၄င်းကပြောသည်။

ဒေသခံပြည်သူများကလည်း သဘာဝဘေးအန္တရာယ် ထိခိုက်မှု လျော့နည်း သက်သာစေရေးအ တွက် ဒီရေတောကြိုးပြင်ကာကွယ် တော သတ်မှတ်ပေးရန်အစိုးရအဖွဲ့ ထံ အဆိုပြုတင်ပြချက်များလည်း ရှိကြောင်း သိရသည်။ ဒေသခံပြည်သူအစုအဖွဲ့ ပိုင် သစ်တော တည်ထောင်ဖွဲ့စည်း နည်းဆိုသည်မှာ ကြိုးပြင်ကာကွယ် တောများအား သစ်တောမြေအဖြစ် သတ်မှတ်ပြီးပါက သက်ဆိုင်ရာ မြို့နယ် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည် သူများအနေဖြင့် ဒီရေ တောအပင်များကို စနစ်တကျ စီမံအုပ်ချုပ်နိုင်ခြင်း၊ ဒီရေတော အတွင်း ပေါက်ဖွားရှင်သန်သော ငါး၊ ပုစွန်များကို စဉ်ဆက်မပြတ် ဖမ်းယူရရှိနိုင်ကာ ဒေသခံများ ရေလုပ်ငန်းကို တရားဝင်လုပ်ကိုင် ခြင်းတို့ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment