Saturday, June 22, 2019

မိုးရာသီ သစ်ပင်စိုက်ပျိုးလိုသူများအတွက် ပျိုးပင် ၁၀ သန်းကျော် အခမဲ့ဖြန့်ဝေပေးမည်

၂၀၁၉ မိုးရာသီအစမှာ သစ်ပင်အရေအတွက် ၃ သန်းကျော် စိုက်ပျိုးထားပြီး ဒီနှစ်မိုးရာသီမှာ သစ်ပင်စိုက်ပျိုးလိုသူတွေကို ပျိုးပင်အရေအတွက် ၁၀ သန်းကျော် အခမဲ့ ဖြန့်ဝေပေးမယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။ ဇွန်လ ၁၉ ရက်နေ့ ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ တနိုင်ငံလုံးမှာ သစ်ပင်အရေအတွက် ၃ ဒသမ ၃ သန်းကျော် စိုက်ပျိုးခဲ့တာပါ။



တိုင်းနဲ့ ပြည်နယ်အနှံ့မှာ စိုက်ပျိုးခဲ့တဲ့သစ်ပင် ၃ သန်းကျော်ထဲမှာ ရှမ်းပြည်နယ်က အပင်အရေအတွက် ၇ သိန်းကျော်နဲ့ အများဆုံးစိုက်ပျိုးခဲ့တယ်လို့ ရှမ်းပြည်နယ်သစ်တောနဲ့ သယံဇာတဝန်ကြီး ဒေါက်တာညီညီအောင်က ပြောပါတယ်။

စိုက်ပျိုးရေးပညာရှင်တွေကတော့ စိုက်ပျိုးထားတဲ့ သစ်ပင်တွေကို မသေအောင် ပေါင်းရှင်းတာ၊ အစားထိုး စိုက်ပျိုးတာ၊ ရေမငတ်အောင်ထားတာ တောမီးနဲ့ တိရစ္ဆာန်အန္တရာယ် မကျရောက်အောင် ဂရုပြုရမယ်လို့ အကြံပြုထားပါတယ်။

No comments:

Post a Comment