Saturday, June 22, 2019

ပီရူးကို ရင်ဆိုင်ရန် ဘရာဇီးတွင် အာသာပါဝင်မည်

ကိုပါအမေရိကပြိုင် ပွဲအုပ်စု (A) ၏ ထိပ်ဆုံးနေရာ သေချာစေရန် ရည်ရွယ်ထားသည့် အိမ်ရှင်ဘရာဇီးအသင်းတွင် ဘာ စီလိုနာကွင်းလယ်လူ အာသာ ဒဏ်ရာသက်သာလာပြီဖြစ်ကာ ပီရူးကိုရင်ဆိုင်မည့်ပွဲ၌ ပါဝင်က စားမည်ဖြစ်သည်။ ပထမဆုံးနှစ်ပွဲမှ တစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် လေးမှတ်ရထား ကာ ပြီးခဲ့သည့် ၁၂ ပွဲအထိ ရှုံးပွဲ မရှိသေးသော်လည်း ဘရာဇီး နည်းပြတိုက်သည် ဝေဖန်မှုများ စွာနှင့် ရင်ဆိုင်နေရသည်။ ဗင်နီဇွဲ လားနှင့်ဂိုးမရှိသရေကျသောပွဲ တွင် ဗီဒီယိုအကူဒိုင် စနစ် (VAR) ကြောင့် ဂိုးနှစ်ဂိုးမရဖြစ်ခဲ့သော် လည်း တိုက်က ယင်းစနစ်အသုံး ပြုမှုကို ဝေဖန်ရန်ငြင်းဆိုခဲ့သည်။


ဘရာဇီးကွင်းလယ်တွင်အာ သာနှင့်ကက်စီမီရိုတို့ တွဲကစား မည်ဖြစ်ကာ မန်စီးတီးကွင်းလယ် လူ ဖာနန်ဒင်ဟိုပါဝင်မည် မဟုတ် ဟု သိရသည်။

ဘရာဇီးသည် ၂၀၁၆ ကိုပါ အမေရိကပြိုင်ပွဲတွင် ယခုနှစ်ပြိုင် ပွဲကဲ့သို့ပင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ဖြင့် တတိယပွဲကိုပီရူးနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ၁-၀ ဂိုးဖြင့် ရှုံး ကာ ထိုစဉ်ကနည်းပြ ဒွန်ဂါထုတ် ပယ်ခံရသည်။

၂၀၁၆ က ပါဝင်ယှဉ်ပြိုင် သော အသင်း ၁၆ သင်းရှိခဲ့ သော်လည်း ယခုနှစ်တွင် ၁၂ သင်းသာရှိရာ ဘရာဇီးသည် အုပ် စုတတိယရရုံဖြင့် နောက်တစ်ဆင့် တက်ခွင့်ရမည်ဖြစ်သည်။

ပီရူးနှင့်ပွဲသည် မိမိတို့အ တွက် အရေးကြီးသောပွဲတစ်ပွဲ ဖြစ်ကြောင်း နည်းပြတိုက်ကပြော ကြားပြီး ခံစစ်ပိုင်း ပိုကောင်းလာ စေရန် အာရုံစိုက်ထားသည်ဟု ပြောသည်။ လက်ရှိဘရာဇီးအသင်း၏ ဟန်ချက်သည် မှန်ကန်သော အ နေအထား၌ မရှိသေးဟု နည်းပြ တိုက်က ဝန်ခံထားသည်။

No comments:

Post a Comment