Saturday, June 22, 2019

ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၁၁၂၀ဝ၀ အထိ စံချိန်သစ်ထပ်တင်ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၁၀၉၅၅၀ဝ ဝန်းကျင်သို့ ပြန်လည်ကျဆင်း

ကမ္ဘာ့ရွှေဈေးသည် ဇွန် ၂၁ ရက်တွင်  ၁၄၀၄ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ်  ၁၁၁၂၀ဝ၀ အထိ စံချိန်သစ်ထပ်တင်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်း ၁၃၉၂ ဒေါ်လာဝန်းကျင်အထိ ပြန်ကျလာမှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀၉၅၅၀ဝ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ြ ပည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀ဝ၀ဝ၀ အထက်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် အတွင်း အမြင့်ဆုံးစံချိန်အဖြစ် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀ဝ ဖြစ်ပေါ်ခဲ့သည်။



အဆိုပါစံချိန်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်တွင် စတင်ကျော်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ရွှေဈေးနှုန်း စံချိန်သစ်များ ထပ်တင်ခဲ့ကာ စက်တင်ဘာ ၂၀ ရက် တွင် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၁၀၄၇၇၀ဝ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာလဆန်းနောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းအဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၉၈၇၀ဝ၀ အထိ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်း လိုက်ပါမြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက် တွင် ကျပ် ၁၀၂၈၀ဝ၀၊ ဒီဇင်ဘာ ၁၂ ရက် တွင် ကျပ် ၁၀၄၂၀ဝ၀၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ၁၀၄၅၈၀ဝ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ ဖြစ်ပေါ်ခဲ့သော  ကျပ် ၁၀၄၇၇၀ဝ စံချိန်ကို ကျပ် ၁၀၄၈၅၀ဝ၊ ဖြင့်ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀ဝ၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက်  ရွှေဈေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီတွင်လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀ဝ အထိ စံချိန်တင်ထားကာ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀ဝ၀၊ ဇွန် ၂၁ ရက်တွင် ကျပ် ၁၁၁၂၀ဝ၀ ဖြင့် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်သုံးလအတွင်း လအလိုက် အ နိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေဈေးနှုန်းများမှာ မတ် လအတွင်း ကျပ် ၁၀၄၂၅၀ဝ-၁၀၇၂၀ဝ၀၊ ဧပြီလအတွင်း ကျပ် ၁၀၃၆၀ဝ၀-၁၀၅၅၀ဝ၀၊  မေလအတွင်း ကျပ် ၁၀၃၆၀ဝ၀ -၁၀၅၉၀ဝ၀ တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက  ၂၀၁၇ ခုနှစ် ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လ အလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင်  ၁၁၉၈ -၁၂၃၅ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၂၂၁-၁၂၈၁ ဒေါ်လာ၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၂၇၈-၁၃၂၅ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၀၇-၁၃၄၃ ဒေါ်လာ၊ မတ်တွင် ၁၂၉၂-၁၃၂၂ ဒေါ်လာ၊ ဧပြီတွင် ၁၂၆၉-၁၃၀၉ ဒေါ်လာ၊ မေတွင် ၁၂၇၀-၁၃၀၆ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ၆၀ ဝန်းကျင်အထိ ရှိခဲ့သည်။

No comments:

Post a Comment