Saturday, June 22, 2019

တိုင်းဒေသကြီးများ၌ နေရာအားလုံး ၀င်ပြိုင်နိုင်ရန် သူရဦးရွှေမန်း၏ ပါတီ မျှော်မှန်းထား

၂၀၂၀ အထွေထွေ ရွှေးကောက်ပွဲတွင်  ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP)က တိုင်းဒေသကြီးအားလုံးရှိ မြို့ နယ်အားလုံးနီးပါး၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြော ကြားသည်။ မန္တလေးမြို့တွင် ဇွန်လ ၂၀ ရက်က ပြုလုပ်သော  ပါတီဝင်များ နှင့် စိတ်ပါဝင်စားသူများတွေ့ဆုံ ပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားသည်။



‘‘ပြည်နယ်မှာရှိတဲ့ တချို့ ဒေသတွေမှာတော့ အဲဒီမှာရှိတဲ့ တိုင်းရင်းသား ဒေသတွေရဲ့ တောင်းဆိုမှုအပေါ်မှာ မူတည်ပြီးပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်’’ဟု သူရဦးရွှေမန်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲမျှော် မှန်းချက်နှင့်ပတ်သက်၍ သူရဦး ရွှေမန်းက ‘‘ပြည်သူတွေက ကျွန် တော်တို့အပေါ်၊ ကျွန်တော်တို့ ပါတီအပေါ် ဘယ်လောက်ထိယုံ သလဲ၊ ဘယ်လောက်ထိ မှန်မှန်ကန်ကန်ရွေးချယ်နိုင်သလဲဆိုတာ  ပေါ်မှာမူတည်ပြီး ပြည်သူရဲ့ အ ဆုံးအဖြတ်ကိုပဲ စောင့်ကြည့်ရ မှာပါပဲ’’ဟုဆိုသည်။ လက်ရှိ၌ ပါတီဝင်ဦးရေ တစ်သိန်းကျော်ရှိပြီး မြို့နယ်ရုံး ၇၀ ဖွင့်လှစ်ထားကာ ဇွန်လကုန် တွင် ရုံးခန်း ၂၀၀ကျော် ဖွင့်လှစ် နိုင်ရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP) စာရင်းများက ဆို သည်။

No comments:

Post a Comment