Saturday, June 22, 2019

ရေစကြိုမြို့နယ် ကျေးရွာအချို့ ကမ်းပါးပြိုအန္တရာယ် ရင်ဆိုင်နေရ

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင်း ငါးလံ၊ ကွေးထောင့် စတဲ့ကျေးရွာတွေမှာ ဧရာဝတီမြစ်ကမ်းပြိုတာနဲ့ ကြုံနေရပါတယ်။ ငါးလံကျေးရွာမှာတော့ အခုဇွန်လထဲမှာ လူနေအိမ် ဆယ်လုံးလောက်ဖျက်ပုံထားရတယ်လို့ ကျေးရွာတာဝန်ခံ ဦးသိန်းတန်က ပြောပါတယ်။ “ခုလောလောဆယ် ဖျက်ပုံထားရတာကတော့ ၁၀ လုံးလောက်တော့ရှိပြီပေါ့။ လောလောဆယ် တင်ထားတာကတော့ ၅ လုံးပဲ။ ဒါကို မြို့နယ် လူကယ်ဆယ်အဖွဲ့က လာပြီးထောက်ပံ့ပေးသွားပါတယ်။”


ကွေးထောက်ကျေးရွာမှလည်း မြစ်ကမ်းပြိုတာကြောင့် လူနေအိမ်တွေ ပြောင်းရွှေ့နေကြရပါတယ်။

ကွေးထောက်ကျေးရွာမှာလည်း လူနေအိမ် ၁၀ လုံးကျော်ဖျက်ပုံထားရပြီး နီးစပ်ရာဆွေမျိုးတွေအိမ်မှာ စုပေါင်းနေထိုင်နေကြရတယ်လို့ ကျေးရွာနေ ဦးကျော်မြင့်က ပြောပါတယ်။

“အရင်ရွှေ့ထားရတာကတော့ ၄၀ ကျော်လောက်ရှိတယ်ဗျ။ ဒါမနှစ်ကပေါ့လေ။ ခုလောလောဆယ် ရွှေ့ရတာကတော့ ၁၁ အိမ်လောက်ရှိတယ်ဗျ၊ နောက်လည်း ဆက်ရွှေ့မှာပါပဲ။ ကျနော်တို့ပြီးရင် နောက်တတန်း ဆက်ရွှေ့ဖို့ပြင်နေကြတယ်။ ညဆိုလည်း မအိပ်ရဘူး၊ ကမ်းက တအုန်းအုန်းပြိုနေတော့တာ။”

မြစ်ရေစီးကြောင်းက ကျေးရွာကို ဦးတည်စီးဆင်လာတာကြောင့် ကမ်းပြိုတာ ဖြစ်ပေါ်ခဲ့ရတာပါ။ ဒီကမ်းပြို အိမ်ထောင်စုတွေအတွက် လူကယ်ပြန်ဌာနကနေ အိမ်ရွှေ့ပြောင်းစရိတ်၊ လတ်တလော စားစရိတ်နဲ့၊ အသုံးအဆောင် ပစ္စည်းတချို့ ထောက်ပံ့ပေးထားပါတယ်။

No comments:

Post a Comment