Saturday, June 22, 2019

တာချီလိတ်တွင် ပွိုင့် ၅ စက်သေနတ်ကျည်များ ဖမ်းမိ

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ ပွိုင့် ၅ စက်သေနတ်ကျည် ၃၉၇ တောင့် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇွန် ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီက မယ်ယန်းနယ်စပ်ကုန်သွယ်ရေး ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တာချီလိတ်ဘက်မှ မိုင်းယန်းမြို့ဘက်ကို ဦးဆမ်ပျန်း မောင်းနှင်လာတဲ့ Probox ယာဉ်အား စစ်ဆေးရာမှာ သိမ်းဆည်းမိခဲ့တာပါ။ ယာဉ်နောက်ခန်းအတွင်း ကတ်ထူစက္ကူပုံး ၂ ပုံးနဲ့ ထည့်ထားတဲ့ ပွိုင့် ၅ စက်သေနတ်ကျည် ၃၉၇ တောင့်၊ တရုတ်ငွေ ၁၁၅၀၀ ယွမ်၊ ထိုင်းငွေ ၈၇၀၀၀ ဘတ်၊ ၅ မူးသားခန့် ရွှေလက်စွပ် ၁ ကွင်း၊ လက်ကိုင်ဖုန်း ၂ လုံးတို့နဲ့အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ဦးဆမ်ပျန်းအား တာချီလိတ်မြို့မရဲစခန်းက (ပ)၃၃၉/၂၀၁၉၊ ရှမ်းလက်နက်အမိန့် ၁၂(ဂ)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment