Saturday, June 22, 2019

အီရန်အား လက်တုံ့ပြန်တိုက်ခိုက်ရန် အစီအစဉ်ကို ထရန့်က ရပ်ဆိုင်းခဲ့ဟု သတင်းထွက်

 ဇွန် ၂၁ ရက်တွင် အီရန်အစိုးရရုပ်သံ IRIB က ထုတ်လွှင့်ခဲ့သည့် ဓာတ်ပုံတစ်ပုံ၌ အီရန်၏ ပစ်ချခံရသော အမေရိကန်ဒရုန်း၏ အပျက်အစီးများဟု ယူဆရသည့် အပိုင်းအစများကို တွေ့ရစဉ်အီရန္ပစ္မွတ္မ်ားအား လက်တုံ့ပြန်တိုက်ခိုက်မည့်အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အတည်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့ကြောင်းသတင်းများ ထွက်ပေါ်လာချိန်တွင် အီရန်က ゞင်းတို့ပစ်ချခဲ့သော အမေရိကန်ဒရုန်းတစ်စင်းသည် အီရန်လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့သည့် မငြင်းနိုင်သော အထောက်အထားများရှိထားကြောင်း ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုဒရုန်းသည် အပြည်ပြည်ဆိုင်ရာ လေပိုင်နက်တွင် ရှိနေစဉ် ပစ်ချခံခဲ့ရကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။

မဟာဗျူဟာကျသော ဟော်မုဇ်ရေလက်ကြားအနီး ဖြစ်ပွားခဲ့သောထိုပစ်ချမှုအား တုံ့ပြန်ရန်အတွက် ဖိအားကြုံနေရစဉ် ထရန့်က ကန့်သတ်ထားသော အီရန်ပစ်မှတ်အချို့အား လက်တုံ့ပြန်တိုက်ခိုက်ရန် ညွှန်ကြားခဲ့ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။ ရေဒါနှင့် ဒုံးတပ်ဖွဲ့များကဲ့သို့ အီရန်၏ ပစ်မှတ်အချို့အား တိုက်ခိုက်ရန် အမေရိကန်က စီစဉ်ခဲ့ကြောင်း၊ သို့သော် ထိုအစီအစဉ် အစောပိုင်းတွင်ပင် ရုတ်တရက်ဖျက်သိမ်းခဲ့ကြောင်း အမေရိကန်အစိုးရထိပ်တန်းတာဝန်ရှိသူများအား ကိုးကား၍ နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သော်လည်း ထရန့်က ထိုတိုက်ခိုက်မည့်အစီအစဉ်အား ရွှေ့ဆိုင်းရန် သို့မဟုတ် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သလားဟု ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အီရန်သည် Global Hawk ထောက်လှမ်းစောင့်ကြည့်ရေးဒရုန်းအား ပစ်ချခဲ့ကြောင်း သတင်းများနှင့် ပတ်သက်၍ အီရန်သည် ဧရာမအမှားတစ်ခု ကျူးလွန်လိုက်ပြီဖြစ်ကြောင်း ထရန့်က Twitter တွင် ရေးသားခဲ့သည်။ အမေရိကန်သည် ယင်းလုပ်ရပ်အတွက် သည်းခံနေမည်မဟုတ်ကြောင်းကို ပြောလိုကြောင်း ထရန့်က နောက်ပိုင်းတွင် အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။


အရုဏ်မတိုင်မီ ဖြစ်ပွားခဲ့သော ဒရုန်းပစ်ချမှုဖြစ်ရပ်သည် အမေရိကန်နှင့် ရန်ဘက် အီရန်အကြား ကျယ်ပြန့်သော ပဋိပက္ခအသွင်သို့ ပြောင်းလဲသွားမည်ကို စိုးရိမ်မှုများရှိနေကြပြီး ရေနံဈေးနှုန်းများလည်း ထိုးတက်ခဲ့စဉ် ထရန့်က တင်းမာမှုများပြေလျော့စေရန် အလျင်အမြန်ဆောင်ရွက်ခဲ့သည်။

ဒရုန်းပစ်ချမှုသည် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဟုတ်၊ မဟုတ် ယုံကြည်ရန် ခက်ခဲကြောင်း၊ လျော့ရိလျော့ရဲနှင့် ရူးနှမ်းသူတစ်ဦးက ယင်းကဲ့သို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ထရန့်က ရှုပ်ထွေးသော သတင်းစကားပေးခဲ့ရာ ဝါရှင်တန်က ရှေ့ဆက်မည် သို့လုပ်ဆောင်မည်ကို မရေရာမှုဖြစ်ခဲ့သည်။

အီရန်က အမေရိကန်ကိုယ်စားပြု ဆွစ်ဇာလန်သံအမတ်ကြီးအား ဆင့်ခေါ်၍ အီရန်လေပိုင်နက်ထဲသို့ အမေရိကန်ဒရုန်းက ချိုးဖျက်ဝင်ရောက်ခဲ့ကြောင်း မငြင်းနိုင်သော အထောက်အထားများပေးအပ်လျက် တရားဝင် ကန့်ကွက်ခဲ့သည်။ ထိုဒရုန်းသည် ပစ်ချမခံရမီ အီရန်လေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့သည့် အထောက်အထားများကို အီရန်က ကုလသမဂ္ဂထံ တင်ပြသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်က ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အီရန်က မြေပြင်မှ ဝေဟင်ပစ်ဒုံးဖြင့် အမေရိကန်ဒရုန်းအား ပစ်ချခဲ့မှုကြောင့် အမေရိကန် ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့က လေကြောင်းပျံသန်းမှုဆိုင်ရာ အန္တရာယ်များအား သတိပေးခဲ့ပြီး ထိုဒေသတွင် ပျံသန်းသည့် အမေရိကန်အရပ်ဘက် လေယာဉ်များအား အသိပေးမှုထပ်မံ မထုတ်ပြန်သေးမီအထိ ဖြတ်သန်းမှုပိတ်ပင်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ပစ်ချခံရသော အမေရိကန်ရေတပ်ဒရုန်း၏ ပျံသန်းမှုလမ်းကြောင်းပြမြေပုံများကို ထုတ်ပြန်ရာတွင်လည်း အီရန်နှင့် အမေရိကန်အကြား ကွဲလွဲမှုများ ရှိနေသည်။

No comments:

Post a Comment