Saturday, June 22, 2019

ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ  ဘန်ကောက်မြို့မှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။ အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက် ဘန်ကောက်မြို့မှာ လုံခြုံရေးအထူး တင်းကြပ်ထားပြီး လုံခြုံရေးဝန်ထမ်း ၁၀,၀၀၀ ၀န်းကျင် ချထားတယ်လို့ အာဏာပိုင်တွေက  ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပရာနေရာကို အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ၀င်ရောက်စီးနင်းဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ထိပ်သီးဆွေးနွေးပွဲ ပျက်ခဲ့ဖူးပါတယ်။


အာဆီယံထိပ်သီးဆွေးနွေးပွဲကို ဒီနေ့ညနေပိုင်းမှာ မျက်နှာစုံညီအစည်းဝေးနဲ့ စတင်ပြီး မနက်ဖြန်အထိ ဆက်လက်ကျင်းပမှာပါ။

ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘရူနိုင်းနဲ့ စင်ကာပူနိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

No comments:

Post a Comment