Saturday, June 22, 2019

မူးယစ်ပြတိုက်မြေအတွင်းရှိ ဆိုင်ခန်းများ ဇွန်လကုန် နောက်ဆုံးထားဖယ်ရှားရန် အာဏာပိုင်များစီစဉ်

ဟံသာဝတီလမ်းထောင့် ရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်ပိုင်မြေအ တွင်း ရောင်းချနေသော ဆိုင် ခန်းများကို ဇွန်လကုန်တွင်ဖယ် ရှားမည်ဖြစ်ကြောင်း မူးယစ်ပြ တိုက်တာဝန်ခံ ဒုတိယရဲမှူးကြီး  ဇော်မင်းဦးကပြောသည်။ ကမာရွတ်မြို့နယ်  အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပြု လုပ်သည့် မူးယစ်ပြတိုက်မြေ ဧရိယာအတွင်း ဆိုင်ခန်းများဖယ် ရှားရန် ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲ၌ ဒုတိယရဲမှူးကြီးက ပြောကြားခြင်းဖြစ်သည်။



အဆိုပါ အစိုးရပိုင်မြေတွင် ၂၀၀၂ အတွင်းက လူလေးဦးကို ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ၌ ပြည်ထဲရေးဝန်ကြီးဌာန ညွှန် ကြားချက်အရ ဆက်လက်ငှားရမ်း ခြင်းမပြုရန် ဆုံးဖြတ်ချက်ချခဲ့ သောကြောင့် ငှားရမ်းသူများကို ၂၀၁၈ ဒီဇင်ဘာလကုန်တွင် ယင်း မြေများကို  ဆက်လက်ငှားရမ်း ခြင်းမပြုတော့ဘဲ ခုနစ်လအတွင်း  ဖယ်ရှားပေးရန် မြေငှားရမ်းသူများ က ဝန်ခံကတိလက်မှတ်ထိုးပြီးဖြစ် ကြောင်း ဒုတိယရဲမှူးကြီးက ရှင်း ပြသည်။

‘‘ကျွန်တော်တို့က သူတို့ကို  အသိပေးအကြောင်းကြားပြီးပါ ပြီ။ သူတို့တွေက ဖယ်ရှားခြင်း မပြုခဲ့ဘူးဆိုရင်တော့ ကျွန်တော် တို့ ဥပဒေလမ်းကြောင်းအရ လုပ် ထုံးလုပ်နည်းအတိုင်း ဖယ်ရှား သွားမှာဖြစ်ပါတယ်’’ဟု ဒုတိယ ရဲမှူးကြီးဇော်မင်းဦးက ပြော သည်။

ယင်းမြေကို ငှားရမ်းခဲ့ချိန်က စပြီး အခွန်များ နှစ်စဉ်ဆောင် လာခဲ့သောကြောင့် ဖယ်ပေးရ မည်ဆိုပါက မိမိအနေဖြင့်  နစ်နာ ကြောင်း  မြေငှားရမ်းထားသူ ဦးထွန်းထွန်းဦးက ပြောသည်။

‘‘အဲဒီလိုကြီးလုပ်တာတော့  ကျွန်တော်တို့ အဆင်မပြေဘူး။  ကျွန်တော်တို့ ထိခိုက်နစ်နာတာ ကို သူတို့ဘက်က  ဘာလုပ်ပေးမ လဲဆိုတာလည်း စောင့်ကြည့်ပါ မယ်။ ကျွန်တော်တို့ ကလန်က ဆန်မလုပ်ပါဘူး။ သူ့ဘက်၊ ကိုယ့် ဘက်ကြည့်စေချင်တာပါ။ ကျွန် တော်တို့ ချက်ချင်းကြီးတော့ မဖယ်ပေးနိုင်သေးပါဘူး။ နိုင်ငံ တော်က တကယ်လိုအပ်လို့ရှိရင် တော့ဖယ်ပေးပါမယ်’’ဟု ဦးထွန်း ထွန်းဦးကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေ ဖြင့် မြေငှားရမ်းသူများကို ဖယ် ရှားရာတွင် အစီအမံများစနစ် တကျရေးဆွဲ၍ ဥပဒေနှင့်အညီ ရှင်းလင်းဆောင်ရွက်မည်ဖြစ် ကြောင်း ဒုတိယရဲမှူးကြီးဇော်မင်း ဦးက ဆက်လက်ပြောသည်။ မူးယစ်ပြတိုက်ပိုင်မြေမှ (ပေ ၁၅၀×ပေ၁၀၀)ကို ဦးထွန်းထွန်း ဦးဆိုသူအားလည်းကောင်း၊ ပေ (၃၀×ပေ၁၀၀)ကို  ဦးရဲထွဋ် အောင်အားလည်းကောင်း၊ (ပေ ၆၀×ပေ၁၀၀)ကို  ဒေါ်တင်တင် မော်အားလည်းကောင်း၊ (ပေ၃၀ ×ပေ၁၀၀)ကို ဦးသိန်းလွင်အား လည်းကောင်း  ငှားရမ်းထားသည် ဟု ထွေအုပ်ရုံးစာရင်းများကဆို သည်။

No comments:

Post a Comment