Saturday, June 22, 2019

မြိတ်တွင် ကျပ်သိန်းပေါင်း ၁ သောင်း တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဇွန် ၂၁ ရက်နေ့၊ ည ၆ နာရီခွဲလောက်က  ကျပ်သိန်းပေါင်း ၁ သောင်း တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၂ သိန်း ဖမ်းဆီးရမိတယ်လို့ ရဲက ပြောပါတယ်။ မြိတ်ခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ်အောင်နိုင်ဦး ဦးစီးတဲ့အဖွဲ့က မူးယစ်ဆေးသတင်းအရ မြတ်လေးလမ်း ရွှေရင်အေးလက်ဖက်ရည်ဆိုင်ရှေ့မှာ သန်းထိုက် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ WY မူးယစ်ဆေးပြား ၁၀,၀၀၀ ဖမ်းဆီးရမိခဲ့ပါတယ်။


စစ်ဆေးချက်အရ မြိတ်တောင်ကျေးရွာ ချမ်းမြေ့သာယာရပ်နေ ကျော်သူရထွန်း (ခ) ဝတုတ် ထံမှ ဝယ်ယူကြောင်း ထွက်ဆိုတာကြောင့် ၀ရမ်းနဲ့ သွားရောက်ရှာဖွေရာမှာ မူးယစ်ဆေးတစုံတရာမတွေ့ရှိခဲ့ဘူးလို့ စခန်းမှူး ဒုရဲမှူးချိုလွင်က ပြောပါတယ်။

အဆိုပါနှစ်ဦးအား ထပ်မံစစ်ဆေးရာ သန်းထိုက်ရဲ့နေအိမ်မှာ ဝှက်ထားကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ ၂ ယောက်ကို ထပ်စစ်ဆေးမှ သန်းထိုက်အိမ်မှာ သူတို့ ၂ ယောက်ပေါင်းပြီး ဝှက်ထားတဲ့ မူးယစ်ဆေးတွေ ရှိတယ်ပြောလို့ သန်းထိုက်အိမ်မှာ သွားရှာတော့ TOTO စောင်တွေနဲ့ ထုတ်ပြီး ဝှက်ထားတဲ့ WY မူးယစ်ဆေးပြား ၁၉၀,၀၀၀ ထပ်တွေ့တယ်။ အားလုံး ၂၀၀,၀၀၀ ဖြစ်သွားတာပေါ့။ ဒေသပေါက်ဈေး ကျပ်သိန်း ၁ သောင်း ရှိတယ်” လို့  ဒုရဲမှူးချိုလွင်က ပြောပါတယ်။

မူးယစ်ဆေးရောင်းဝယ်ဖြန့်ဖြူးတဲ့ သန်းထိုက် နဲ့ ကျော်သူရထွန်း(ခ)ဝတုတ် တို့ကို မြိတ်မြို့မရဲစခန်းက မူး/စိတ် ပုဒ်မ ၁၉(က) / ၂၁ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment