Saturday, June 22, 2019

ငယ်သူငယ်ချင်းနှင့်လက်ထပ်ပွဲကို ရိုးရိုးရှင်းရှင်း လုပ်ခဲ့သည့် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း

တော့တင်ဟမ်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မကြာသေးတဲ့အချိန်ကပဲ ငယ်သူငယ်ချင်းဖြစ်တဲ့ ကေတီဂွတ်လန်းနဲ့ လက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပွဲကိုတော့ လူနည်းစုလောက်ပဲ သိခဲ့တဲ့ပွဲလို့ ပြောရမှာဖြစ်ပြီး မင်္ဂလာမောင်နှံနှစ်ဦးရဲ့ တွစ်တာစာမျက်နှာမှာ ပုံတွေတင်တဲ့အချိန်မှ သိခဲ့ကြတာဖြစ်ပါတယ်။ ဓာတ်ပုံတွေကို ကြည့်မယ်ဆိုရင်တော့ ကိန်းနဲ့ကေတီဟာ လူသူသိပ်မသိသေးဘဲ လှပတဲ့ ကမ်းခြေမှာ မင်္ဂလာဆောင်ခဲ့တာ ဖြစ်နိုင်ပြီး မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်းပဲ ပြုလုပ်ခဲ့တယ်ဆိုတာ သိသာနေပါတယ်။


ကိန်းကတော့ မနေ့ညက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ဓာတ်ပုံအချို့နဲ့အတူ နောက်ဆုံးမှာတော့ ကလေးဘဝကတည်းက သူငယ်ချင်းကောင်းနဲ့ လက်ထပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကေတီ့ကိုချစ်ကြောင်း ရိုးရိုးရှင်းရှင်းပဲရေးပြီး ဆိုရှယ်မီဒီယာကိုချပြခဲ့တာလည်း ဖြစ်ပါတယ်။

ကိန်းဟာ ကေတီကို ၂၀၁၇ ခုနှစ်ကတည်းက ကမ်းခြေတခုရဲ့ သဲသောင်ပြင်ပေါ်မှာ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းထားခဲ့ဖူးပေမယ့် ၂ နှစ်အကြာမှသာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ လက်မထပ်ရသေးပေမယ့် အိုင်ဗီဂျိန်းနဲ့ ဗီဗီယန်ဂျိန်းလို့ခေါ်တဲ့ ချစ်စရာသမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။

No comments:

Post a Comment