Saturday, June 22, 2019

ဘာစီလိုနာ ရာသီကြိုခြေစမ်းပွဲ မိုင်ပေါင်း ၂၇၀၀၀ ခန့် သွားရမည်

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ ရာသီအကြို ခြေစမ်းပွဲစဉ်တွေကို ခရီး မိုင်ပေါင်း ၂၇၀၀၀ လောက်ထိ သွားရောက်ကစားမှာ ဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်က ကလပ်အသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ ရာသီကြို ခြေစမ်းပွဲတွေအဖြစ် ရုရှားနိုင်ငံထိ သွားရောက်ပြီး ဇင်းနစ်အသင်းနဲ့ ခြေစမ်းပွဲကစားမယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ ကစားမယ့်ရက်ကို အတိအကျမသိရသေးဘဲ ဇူလိုင် ၂၃ ရက်နေ့မှာတော့ ချဲလ်ဆီးအသင်းနဲ့ကစားဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သွားမှာဖြစ်ပါတယ်။



အဲဒီနောက်မှာတော့ ကိုဘေးမြို့မှာ ဗစ်ဆယ်ကိုဘေးအသင်းနဲ့ ခြေစမ်းမှာဖြစ်ပါတယ်။

ဆက်လက်ပြီး သြဂုတ် ၄ ရက်မှာတော့ အာဆင်နယ်အသင်းကို အိမ်ကွင်းနူးကမ့်မှာ ဧည့်ခံကစားရမှာဖြစ်ပြီး ၃ ရက်အကြာ သြဂုတ်လ ၇ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံ မီယာမီမြို့မှာ နာပိုလီအသင်းနဲ့ကစားရမှာလည်း ဖြစ်ပါတယ်။

နာက်ထပ် ၃ ရက်အကြာမှာလည်း နာပိုလီအသင်းနဲ့ပဲ မီချီဂန်မြို့မှာ ခြေစမ်းပွဲထပ်မံ ကစားရဦးမှာ  ဖြစ်ပါတယ်။

No comments:

Post a Comment