Saturday, June 22, 2019

နေရပ်ပြန်စိုက်ပျိုးရေးလုပ်လိုကြောင်း ရခိုင်စစ်ရှောင်များ သတင်းစကားပါး

မိုးတွင်းကာလဖြစ်၍ နေရပ်ပြန် စိုက်ပျိုးရေးလုပ်လို ကြောင်း ရခိုင်စစ်ရှောင်ပြည်သူ များက သတင်းစကားပါးသည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ်များက ပြောသည်။ UNA နှင့် မိတ်ဖက်အဖွဲ့အ စည်းအချို့သည် ဇွန်လ ၁၈ ရက်တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့တို့ရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်၍ စစ်ရှောင်ပြည်သူများ နှင့် တွေ့ဆုံခဲ့ကြောင်း ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်(ALD) အထွေ ထွေအတွင်းရေးမှူး ဦးမျိုးကျော် က ပြောသည်။

‘‘စစ်ဘေးရှောင် စခန်းတွေ ကို သွားတယ်။ သူတို့ကို စောင့် ရှောက်ထားတဲ့ အဖွဲ့တွေကို လည်း တွေ့ခဲ့တယ်။ အခု သူတို့က တော်တော် ဒုက္ခရောက်ကြတယ်။ မိုးလည်းဖြစ်လာပြီ။ မိုးလည်း ကျလာပြီဆိုတော့ ကိုယ့်လယ်ကိုယ် ပြန်မလုပ်ရဘူး။ ရွာကိုလည်း နေ့ဘက်ကို ၀င်လို့ ရတဲ့ နေရာတွေက ရတယ်။ ဒါပေမဲ့ ညဘက်ကျတော့ မနေရဲဘူးပေါ့နော်’’ ဟု ၎င်းက ပြောသည်။  ဇွန်လ ၁၈ ရက် ခရီးစဉ်တွင် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးသုံးဦးနှင့်တွေ့ဆုံ၍ ပြီးခဲ့သည့် ဖေဖော်ဝါရီက ရန်ကုန်မြို့၌ ပြုလုပ်သည့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်း များ ညှိနှိုင်းဆွေးနွေးပွဲမှ တောင်းဆိုချက်များလည်း တင်ပြခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘အဓိကကတော့ ရခိုင်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရဆီကရော၊ ရခိုင်ပြည်နယ် လွှတ် တော်ဥက္ကဋ္ဌနဲ့ရော တွေ့ခဲ့တယ်။ အဓိကကတော့ စစ်ပွဲတွေ ရပ်ဖို့၊ နိုင်ငံရေးဆွေးနွေးနည်းနဲ့ အဖြေရှာဖို့၊ စစ်ရှောင်တွေကို အကူအညီပေးဖို့၊ အကူအညီပေးတဲ့ အဖွဲ့ အစည်းတွေကို အနှောင့်အယှက် အဟန့်အတားမလုပ်ဖို့။ နောက် တစ်ခု မြောက်ဦးဆိုတာ ကမ္ဘာ့အမွေအနှစ်နယ်မြေ ဖြစ်တယ် လေ။ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာ အရမ်းအရေးကြီးတဲ့ နယ်မြေဖြစ်တယ်။ ဒီဒေသမှာ စစ်ကင်း မဲ့ဇုန်လုပ်ဖို့ အဲဒါမျိုးတွေ ကျွန် တော်တို့ တောင်းဆိုထားတာမျိုး တွေ ရှိတယ်။ ဒီအချက်အလက် တွေကို ပြောဖြစ်ပါတယ်’’ ဟု ဦးမျိုးကျော်က ပြောသည်။  အဆိုပါ ရခိုင်ခရီးစဉ်တွင်  UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ ကယန်းအမျိုး သားပါတီ (KNP)၊ ကရင်အမျိုးသားပါတီ (KNP)၊ ၇၄၊ ၇၅ ၊ ၇၆ -နိုင်ငံရေးအင်အားစုများ စသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ လိုက်ပါ၍ စစ်ဘေးရှောင်ပြည်သူ များအား ငွေကြေးထောက်ပံ့ခဲ့ ကြောင်း ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

No comments:

Post a Comment