Saturday, June 22, 2019

ခန္တီးမြို့တွင် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှုပြုလုပ်

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇွန် ၂၂ ရက်နေ့မနက်က ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တာတွေ လုပ်ဆောင်နေကြပါတယ်။ အခုက ကျန်းမာရေးဌာနနဲ့ ခန္တီးမြို့ စည်ပင်တို့ ပူးပေါင်းပြီး ခန္တီးမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတွေကို ခြင်ဆေးဖျန်းတာ ပြုလုပ်ခဲ့တယ်လို့ ခန္တီးမြို့နယ် ကျန်းမာရေးမှူး ဒေါ်ဆွိမ်းနွာမ်က ပြောပါတယ်။ ခန္တီးမြို့နယ်မှာ H1 N1 ဖြစ်တဲ့သူ မရှိသေးပါဘူး။ ရာသီတုပ်ကွေးရောဂါနဲ့ ခန္တီးပြည်သူဆေးရုံကို ကလေး ၇ ဦးအထိ ရောက်လာတယ်လို့ ပြောပါတယ်။


အခုဖြစ်တဲ့ကလေးတွေက ခန္တီးမြို့နယ် ဆင်သေကျေးရွာက ကလေး ၅ ဦးနဲ့ စိန်နန်းကျေးရွာကလေး ၁ ဦး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်လဟယ်က ၁ ဦးတို့ ဖြစ်တယ်လို့ ကျန်မာရေးမှူး ဒေါ်ဆွိမ်းနွမ်က ပြောပါတယ်။

ရာသီတုပ်ကွေးရောဂါ ဆက်မဖြစ်ပွားအောင်လည်း ကျန်းမာရေးဌာနနဲ့ ခန္တီးမြို့နယ်စည်ပင်တွေနဲ့ ပူးပေါင်းပြီး အခုကျောင်းတွေမှာ ခြင်ဆေးဖျန်းတာ လုပ်နေတယ်လို့ ဆိုပါတယ်။

ပြည်သူလုထုပူးပေါင်းပါဝင်မှူ အားနည်းနေသေးတဲ့အတွက် ရောဂါမဖြစ်ပွားအောင် ပူးပေါင်ပါဝင်ကြဖို့ တိုက်တွန်းခဲ့သလို ပညာပေးဟောပြောပွဲတွေ ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment