Saturday, June 22, 2019

ဥရုဂွေးနှင့် သရေကျပြီးနောက် ဂျပန်အသင်းကို နည်းပြဟောင်း ဖီးလစ်ထရောက်စီယာချီးကျူး

ကိုပါအမေရိက ဖလားတွင် ဥရုဂွေးကိုနှစ်ကြိမ်တိုင် ဦးဆောင်ကစားကာ သရေကျပြီး နောက် ဂျပန်အသင်း၏စွမ်းဆောင် ရည်ကို ဂျပန်နည်းပြဟောင်း ဖီး လစ်ထရောက်စီယာက ချီးကျူးခဲ့ သည်။ ၁၉၉၈ မှ ၂၀၀၂ အထိ ဂျပန်ကို ကိုင်တွယ်ခဲ့သော ထ ရောက်စီယာသည် ဟာဂျီမီမိုရီ ယာဆုဦးဆောင်သော ဂျပန်အ သင်းကို လူမှုမီဒီယာမှတစ်ဆင့် ချီးကျူးသည်။



ကိုပါအမေရိကဖလား (၁၅) ကြိမ်ဖြင့် အများဆုံးဗိုလ်စွဲထား သော ဥရုဂွေးအတွက် အငြင်းပွား ဖွယ်ရရှိသော ပင်နယ်တီမှတစ် ဆင့် ဆွာရက်ဇ်က ပထမချေပဂိုး နှင့် ၆၆ မိနစ်တွင် ဂျီမီနက်ဇ်က ဒုတိယချေပဂိုး သွင်းယူခဲ့သည်။

‘‘ဂျပန်အတွက်ပွဲကောင်းပါ။ အသင်းသစ်ဖြစ်ပေမယ့် စုစည်း တယ်၊ တိုက်စစ်ဖွင့်ကစားတယ်။ ပင်နယ်တီကတော့ မတရားပါ ဘူး’’ ဟု ထရောက်စီယာကပြော သည်။

‘‘ဒါဟာ အိုလံပစ်ပြိုင်ပွဲဝင် မယ့် ဂျပန်အသင်းဆိုတာမမေ့ ပါနဲ့၊ ကစားသမားတွေဟာ နိုင်ငံ အတွေ့အကြုံမရှိဘဲ ကိုပါအမေရိ ကမှာ ကောင်းနေပါတယ်’’ ဟု ထရောက်စီယာက ထပ်လောင်း ပြောကြားသည်။

‘‘ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ကစားတာကောင်း ပါတယ်။ ဒါပေမဲ့ ဒီလိုပြိုင်ပွဲမျိုး တွေမှာ အမှားနှစ်ခုလုပ်မိတာက  နှစ်ဂိုး ပေးလိုက်ရတယ်ဆိုတာ သင်ခန်းစာရလိုက်ပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့ ပိုပြီးတော့ သတိထားဖို့ လိုပါတယ်’’ဟု ဆွာ ရက်ဇ်က ပြောသည်။

တိုကျို၌ လာမည့်နွေရာသီ တွင်ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ အတွက် ပြင်ဆင်သည့်အနေဖြင့် ဂျပန်သည် တက်သစ်စလူငယ်အ များစုကို ကိုပါအမေရိကဖလား ပြိုင်ပွဲသို့ ခေါ်ဆောင်လာပြီး အုပ် စု (C) အဖွင့်၌ လက်ရှိချန်ပီယံ ချီလီကို လေးဂိုးပြတ်ရှုံးနိမ့်ပြီး ဒု တိယပွဲတွင် ဥရုဂွေးနှင့်သရေကျ ခြင်း ဖြစ်သည်။ ဂျပန်အသင်းကို လျှော့ တွက်ခြင်းမရှိကြောင်း ဆွာရက်ဇ် က ပြောသည်။

ယခုရလဒ်က အသင်းအ တွက် ယုံကြည်မှု တိုးပွားစေမည် ဟု ဂျပန်နည်းပြ ဟာဂျီမီမိုရီယာ ဆုကပြောသည်။ ‘‘ရလဒ်က ကျွန် တော်တို့ကို အထောက်အကူ ဖြစ် စေပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ဥရုဂွေးဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ် လို့ပါ’’ ဟု မိုရီယာဆုက ပြော သည်။

No comments:

Post a Comment