Saturday, June 22, 2019

လေးလကျော်သာ အသုံးပြုရသေးသည့် သုဝဏ္ဏ-တောင်ဒဂုံတံတား နိမ့်ဆင်းမှုပြင်ဆင်ရန် နိုင်ငံခြားသားပညာရှင်များ ပါဝင်ဆွေးနွေးနေဟုဆို

သုဝဏ္ဏ - တောင်ဒဂုံ တံတား နိမ့်ဆင်းမှုပြင်ဆင်ရန် ဆွေးနွေးမှုတွင် နိုင်ငံခြားသား ပညာရှင်များ ပါဝင်ကြောင်း ဒဂုံ မြို့သစ်တောင်ပိုင်း တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ယမန်နေ့တွင် ပြော သည်။ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ‘‘လမ်း၊ တံတားက တာဝန်ရှိသူတွေ အပါအဝင် ကုမ္ပဏီကလည်း ပါတယ်။ နိုင်ငံ ခြားသားပညာရှင်တွေပါ ပါပြီး တော့ တံတားနိမ့်ဆင်းနေတဲ့အ ပေါ်မှာ အမြန်ဆုံး ပြင်ဆင်ပြုပြင် ဖို့အတွက်ကို ဆွေးနွေးခဲ့တယ်’’ဟု ပြောသည်။ သုဝဏ္ဏ-တောင်ဒဂုံတံတား ၏ နိမ့်ဆင်းမှုဖြစ်စဉ်သည် တံတား များတွင် ဖြစ်ပေါ်လေ့ရှိသည့် ပုံမှန်အနေအထားမျိုးဖြစ်သည်ဟု လမ်း၊ တံတားတာဝန်ရှိသူများနှင့် ကုမ္ပဏီက ပြောကြောင်း၊ ယင်း ဖြစ်စဉ်အပေါ် အစိုးရက မည်သို့ ဆောင်ရွက်မည်ကို  မသိသေး ကြောင်း ဦးညီညီက ဆက်လက် ပြောသည်။



 အဆိုပါ တံတားတည် ဆောက်မှုတွင် အဓိကတာဝန်ယူ ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ သက် ဆိုင်ရာတာဝန်ရှိသူများကို ယမန် နေ့တွင် 7Day Daily သတင်းစာကလူကိုယ်တိုင် သွားရောက်မေးမြန်းသော်လည်း ပြန်လည်ဖြေကြား ခြင်းမရှိပေ။

လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ‘‘တကယ်တော့ နိမ့် ဆင်းမှုရှိတယ်ဆိုရင် နိမ့်ဆင်းမှု မရှိအောင် ဘယ်လိုပြင်ဆင်မလဲ ဆိုတာ ကြံဆောင်သင့်တယ်’’ဟု မှတ်ချက်ပြုသည်။

၂၀၁၇ ဒီဇင်ဘာတွင် စတင် တည်ဆောက်သည့် သုဝဏ္ဏ - တောင်ဒဂုံတံတားသည် ကျပ်သန်း ငါးထောင်ရှစ်ရာခန့် ကုန်ကျပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်ကာ တင်ဒါအောင်မြင် သည့် မြတ်နိုးသူကုမ္ပဏီနှင့် ပူး ပေါင်းတည်ဆောက်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီတွင် ပြုလုပ်သည့် တံတားဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီတို့ တက်ရောက်ခဲ့သည်။

No comments:

Post a Comment