Saturday, June 22, 2019

အမုန်းစကားပျံ့နှံ့မှုကို ဖြေရှင်းရန်အတွက် Facebook က မြန်မာနှင့် သီရိလင်္က࿿ာတွင် ကန့်သတ်မှု အသစ်များ ထပ်မံဆောင်ရွက်

Facebook တွင် အမုန်းစကားပျံ့နှံ့မှုကို ဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် ဝေဖန်ခံနေရချိန်တွင် Facebook က သီရိလင်္က࿿ာနှင့် မြန်မာ၌ အမုန်းစကား ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုများကို ဆောင်ရွက်နေခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ၌ Facebook ၏ လူမှုကွန်ရက်ဆိုင်ရာစံနှုန်းများကို ချိုးဖောက်သူများအား ကန့်သတ်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း Facebook က ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ သီရိလင်္က࿿ာတွင် Messenger မှတစ်ဆင့် သတင်းများ မျှဝေခြင်းကို ငါးဦးအထိသာ  မျှဝေနိုင်ရန်နှင့် အကြိမ်အရေအတွက်ကိုလည်း ကန့်သတ်ရန် Facebook က ဆောင် ရွက်နေသည်။



အကြမ်းဖက်မှုနှင့် ထိခိုက်ပျက်စီးမှု အန္တရာယ်တို့ကို လျော့ပါးစေရန်အတွက် လူမှုကွန်ရက်ဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ဖူးသူများ၏ ပို့စ်များကို ပျံ့နှံ့မှုလျှော့ချသွားမည်ဟု Facebook က ပြောကြားခဲ့သည်။ စံနှုန်းချိုးဖောက်သူများ၏ ပို့စ်များကို ကန့်သတ်ခြင်းဖြင့် အမုန်းစကားပျံ့နှံ့မှုကို လျှော့ချနိုင်မည်ဟု မျှော်လင့်ထားကြောင်း Facebook ၏ ထုတ်ကုန်စီမံခန့်ခွဲရေးနှင့် လူမှုသဟဇာတရှိမှုဆိုင်ရာ ဒါရိုက်တာ ဆာမစ်ချာကရာဘာရတီက ဘလော့ဂ်တွင် ရေးသားခဲ့သည်။ အကြမ်းဖက်မှုကို အားပေးလှုံ့ဆော်သူများအား တစ်ဦးချင်းအနေနှင့်ရော၊ အဖွဲ့ အစည်းအနေနှင့်ပါ သတ်မှတ်ဖော်ထုတ်ပြီး  ထိုအကောင့်များကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း Facebook က ပြောကြားခဲ့သည်။

အကြမ်းဖက်မှုနှင့် ဆက်နွှယ်နိုင်ခြေရှိသော မှတ်ချက်များ၊ အကြမ်းဖက်မှုကို ကွက်ကွက်ကွင်းကွင်း ဖော်ပြသော အကြောင်းအရာများကို AI နည်းပညာအသုံးပြုပြီး သတ်မှတ်ဖော်ထုတ်ရန်လည်း Facebook က တိုးချဲ့ဆောင်ရွက်နေသည်။ Facebook သည်  မြန်မာနိုင်ငံတွင် တပ်မတော်က ဦးစီးဆောင်ရွက်နေသော အကောင့်များနှင့် လက်နက်ကိုင်အဖွဲ့များက ဆောင်ရွက်နေသော အကောင့်များကို မကြာသေးခင်ကာလက ပိတ်ပင်ခဲ့သည်။

သို့သော်လည်း Facebook သည် တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးလွန်းသည့်အတွက် ဝေဖန်ခံနေရသည်။ မြန်မာနိုင်ငံတွင်  Facebook သုံးစွဲသူ သန်း ၂၀ ခန့်ရှိနေပြီး အများစုအတွက် Facebook သည်ပင် အင်တာနက်ဖြစ်နေကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာက ဆိုထားသည်။

No comments:

Post a Comment