Saturday, June 22, 2019

အလှပြင်ပစ္စည်းများကို မျိုချမိသောကလေးငယ်များ အရေးပေါ်ကုသမှုလိုအပ်

ကလေးငယ်များကို ဆွဲဆောင်နိုင်သည့်အရောင်အသွေးစုံ ထုပ်ပိုးပြင်ဆင်ထားသော အလှပြင်ပစ္စည်းများကို ၎င်းတို့မျိုချမိနိုင် ပြီး ယင်းတွင်ပါဝင်သောဓာတုပစ္စည်းများကြောင့် အရေးပေါ်ဆေးဝါး ကုသမှုခံယူရနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ အမေရိကန်နိုင်ငံတွင် (၁၅)နှစ်တာအတွင်း အလှပြင်ပစ္စည်း များနှင့်ဆက်စပ်သော ဒဏ်ရာအနာတရဖြစ်၍ အရေးပေါ်ဌာနများ၌ ဆေးဝါးကုသခံရသည့် အသက်(၅)နှစ်အောက် ကလေး ၆၅,၀၀၀ ခန့်ရှိကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။



ယင်းကဲ့သို့ အလှပြင်ပစ္စည်းများမျိုချမိခြင်းသည် ကြုံခဲသောကိစ္စဖြစ်သော်လည်း မည်သူမဆိုကြုံနိုင်ကာ ကြုံတွေ့ရပါက ဆိုးရွားနိုင်ကြောင်း သုတေသီအဖွဲ့ခေါင်းဆောင်ရေဘက်ကာမက်အဒမ်က ပြောသည်။ ၎င်းသည် အိုဟိုင်းအိုးပြည်နယ် ကိုလံဘတ်စ် မြို့ရှိ ကလေးဆေးရုံမှ အကြီးတန်းသုတေသီဖြစ်သည်။

အမေရိကန်အမျိုးသားအဆိပ်အတောက်အချက်အလက် စနစ်အရ ၁၉၉၉ နှင့် ၂၀၁၅ ကြား အလှပြင်ပစ္စည်းများကြောင့် ကလေးခုနစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရေမွှေး၊ ဆံပင်ပျော့ဆေး၊ လက်သည်းဖျက်ဆေးနှင့် လက် သည်းဆိုးဆေးများ၊ အသားအရေစိုပြည်စေသောပစ္စည်းများ၊ ချွေး နံ့ပျောက်ဆေးများ၊ ခေါင်းလျှော်ရည်စသည်တို့ကို ကလေးငယ်များ မျိုချမိနိုင်ကြောင်း သုတေသီများက သတိပေးထားသည်။ ယင်း ထုတ်ကုန်ပစ္စည်းများသည် ကလေးငယ်များကို ဆွဲဆောင်နိုင်ပြီး ကလေးများက စားစရာနှင့်မခွဲခြားတတ်ဘဲ မျိုချမိနိုင်ကြောင်း သု တေသီများက သတိပေးသည်။ အချို့သော ရေမွှေးများတွင် အရက်ပါဝင်သောကြောင့် ကလေးများ မျိုချမိပါက အန္တရာယ်ကြုံနိုင်သည်။ ထို့အပြင် လက် သည်းဖျက်ဆေးကြောင့် အန္တရာယ်ဖြစ်ပွားမှုများလည်း ရှိကြောင်း၊ ဆံကေသာအလှအတွက် သုံးသောပစ္စည်းများကြောင့်လည်း ကလေးများအန္တရာယ်ကြုံနိုင်ကြောင်း သုတေသီများက သတိပေး သည်။

No comments:

Post a Comment