Saturday, June 22, 2019

အမျိုးသမီး ကမ္ဘာ့ဖလား (၁၆) သင်းအဆင့်တွင် အမေရိကန်-စပိန်၊ ပြင်သစ်-ဘရာဇီး ရင်ဆိုင်တွေ့

 ပြင်သစ်နိုင်ငံတွင် ကျင်းပ နေသော အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အုပ်စုအဆင့် ပြိုင်ပွဲ များပြီးဆုံးပြီဖြစ်ရာ အသင်းတိုင်း သုံးပွဲစီကစားပြီးနောက် ၂၄ သင်း မှ ၁၆ သင်းသို့ လျော့ကျကာ ရှုံး ထွက်ပွဲစဉ်များ စတင်မည်ဖြစ် သည်။ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ၊ အပါအဝင် ရေ ပန်းစားအသင်းအားလုံး အမှားအ ယွင်းမရှိ နောက်တစ်ဆင့် တက် ရောက်ခဲ့သည်။



လက်ရှိချန်ပီယံ အမေရိကန် သည် ထိုင်းနှင့်ချီလီကို သက် သောင့်သက်သာအနိုင်ရရှိပြီး အုပ်စု (F) နောက်ဆုံးပွဲ၌ ဆွီဒင် ကို ၂-၀ ဂိုးဖြင့် နိုင်ကာ အုပ်စုဗိုလ် ဖြစ်ခဲ့ပြီး (၁၆) သင်းအဆင့်၌ အ မျိုးသားအသင်းကဲ့သို့ပင် ကျွမ်း ကျင်မှုရှိသော စပိန်အမျိုးသမီးအ သင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။

အိမ်ရှင်ပြင်သစ်က ဘရာဇီး ကို ဖြတ်ကျော်နိုင်ခဲ့လျှင် အမေရိ ကန်နှင့်ပြင်သစ်တို့ ကွာတားဖိုင် နယ်တွင် တွေ့ဆုံမည်ဖြစ်သည်။ ပြင်သစ်သည် လက်ရှိချန်ပီယံ အမျိုးသားအသင်းကဲ့သို့ ကမ္ဘာ့ ချန်ပီယံဖြစ်ရန် ကြိုးစားမည်ဖြစ် သည်။

အခြားတစ်ဖက်ခြမ်းတွင် ဂျာမနီ၊ ဂျပန်၊ ဆွီဒင်နှင့်နယ်သာ လန်တို့အနက်တစ်သင်း ဗိုလ်လုပွဲ ရောက်နိုင်ပြီး အမေရိကန်ဘက် ခြမ်း၌ သြစတြေးလျ၊ နော်ဝေး၊ ဘရာဇီးနှင့် အင်္ဂလန်တို့ ပါဝင် သည်။

နောက်ဆုံး (၁၆) သင်းအဆင့်တွဲဆိုင်းများ
ဇွန်လ ၂၂ ရက်
ဂျာမနီ-နိုင်ဂျီးရီးယား
နော်ဝေး-သြစတြေးလျ
ဇွန်လ ၂၃ ရက်
အင်္ဂလန်-ကင်မရွန်း 
ပြင်သစ်-ဘရာဇီး
ဇွန်လ ၂၄ ရက်
စပိန်-အမေရိကန်
ဆွီဒင်-ကနေဒါ
ဇွန်လ ၂၅ ရက်
အီတလီ-တရုတ်
နယ်သာလန်-ဂျပန်

No comments:

Post a Comment