Saturday, June 22, 2019

တောရက်စ်ဟာ EPL ဂန္တဝင်ကစားသမားများထက် ဂိုးသွင်းစွမ်းရည်ပိုမြင့်

ပြီးခဲ့တဲ့ရက်ကမှ ဘောလုံးလောကကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ ဖာနန်ဒိုတောရက်စ်ဟာ နှုတ်ဆက်သွားခဲ့ပြီးဖြစ်ပေမယ့် သူနဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ ဆက်လက်ဖော်ပြနေကြဆဲ ဖြစ်ပါတယ်။ ဒေးလီးမေးလ်သတင်းစာရဲ့ နောက်ဆုံးဖော်ပြချက်တွေအရ တောရက်စ်ဟာ ပရီးမီးယားလိဂ် နာမည်ကြီး ဂန္တဝင်ကစားသမားတွေ ထက်တောင် ဂိုးသွင်းစွမ်းရည် ပိုမြင့်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။



သူပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ၃ ရာသီအတွင်း တပွဲပျမ်းမျှသွင်းဂိုး ၀.၈၄ ဂိုး နှုန်းရှိခဲ့ပြီးတော့ ဟင်နရီ၊ ရှီးယားတို့လို ဂန္တဝင်တွေထက်တောင် ပိုပြီးသာလွန်နေတာပါ။

အာဆင်နယ်ကစားသမားဟောင်း သီဟာရီဟင်နရီကတော့ တပွဲပျမ်းမျှ ၀.၇၃ ဂိုးနှုန်း၊ နယူးကာဆယ်က အလန်ရှီးယားကတော့ တပွဲပျမ်းမျှ ၀.၇၁ ဂိုးနှုန်းရှိခဲ့ပါတယ်။

လက်ရှိ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကတော့ ဟင်နရီနဲ့အတူတူ တပွဲပျမ်းမျှ ၀.၇၃ ဂိုးနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ဒါဟာ အဲဒီကစားသမားတွေ ခြေစွမ်းအကောင်းဆုံးပြနိုင်ခဲ့တဲ့ သုံးရာသီဆက်တိုက် မှတ်တမ်းပေါ်မှာ တွက်ချက်ခဲ့တာလည်း ဖြစ်ပါတယ်။

တောရက်စ်ဟာ လီဗာပူးအသင်းနဲ့ အတူ ၁၄၂ ပွဲကစားပြီး ၈၁ ဂိုးသွင်းယူခဲ့ပေမယ့် ချဲလ်ဆီးအသင်းမှာတော့ ၂၃ ပွဲကစားခဲ့ပေမယ့် ၉ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ခြေစွမ်းလည်း ကျဆင်းခဲ့တာကြောင့် မိခင်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြန်လည်ပြောင်းရွှေ့ သွားခဲ့သူဖြစ်ပါတယ်။

No comments:

Post a Comment