Saturday, June 22, 2019

မွေးနေ့ရှင် ပျော်ရွှင်မည့်အချိန်

အရွယ်နှင့်မမျှသော တာဝန်များက ဒေါ်အောင်ဆန်းစုကြည်၏  ပခုံးထက်တွင် နေရာယူထားသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု စသည့် ကြီးလေးသော တာဝန်များပင်ဖြစ်သည်။ြ မန်မာနိုင်ငံ၏ လွတ်လပ် ရေးထက် သုံးနှစ်ကြီးသည့် ဒေါ် အောင်ဆန်းစုကြည်ကို ၁၉၄၅ ဇွန်လ ၁၉  ရက်တွင် မွေးဖွားခဲ့ပြီး ယနေ့သည် ၎င်း၏ (၇၄) နှစ်တင်း တင်းပြည့်မြောက်သော မွေးနေ့ ဖြစ်၏။



 လွတ်လပ်ရေးနှင့်အပြိုင် မွေးဖွားခဲ့သူက ပြည်တွင်းစစ်ကို အပြီးတိုင် ငြှိမ်းသတ်ရန် ကြိုးစား နေပြီး တစ်ဖက်တွင်လည်း အ ဘက်ဘက်က နိမ့်ကျနေသည့် တိုင်းပြည်ကို လမ်းကြောင်းမှန် ပေါ်ရောက်ပြီး ဖွံ့ဖြိုးတိုးတက်ရန် အဓိကတာဝန်ယူထားသော နိုင်ငံ့ ခေါင်းဆောင်နေရာကို ရယူထား  သည်။

 ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းသည့် နိုင်ငံကို ၎င်းကိုယ်တိုင်ဦးဆောင်သော အင်န်အယ်လ်ဒီအစိုးရသက်တမ်း သုံးနှစ်ကျော်လာသည့်တိုင် ပြီးမြောက်အောင်မြင်သည့် အခြေအနေမျိုး မဟုတ်၍ အောင်မြင်မှုရရှိသည်အထိ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ပါစေဟု အာဏာရပါတီဗဟို ကော်မတီဝင် စာရေးဆရာ မုံရွာအောင်ရှင်က ဆုတောင်းသည်။

‘‘ဒေါ်စုအနေနဲ့ တိုင်းပြည် တာဝန်ကို ကျန်းကျန်းမာမာ၊ စိတ် ရွှင်ရွှင်လန်းလန်းနဲ့ဆက်ပြီး တာ ၀န်ထမ်းဆောင်နိုင်ပါစေ’’ဟု ၎င်း က ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့်မွေးနေ့အတွက် ဆု   တောင်းပေးသည်။

လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်၏ ကျန်းမာ စွာ အသက်ရှင်နေနိုင်ခြင်းက ဒီမို ကရေစီအရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အကောင်အထည်ဖော်မှု များနှင့် တိုက်ရိုက်ချိတ်ဆက်နေ ပြီး အသက်ရှည်ကျန်းမာမှသာ  ယင်းကိစ္စရပ်များ ပိုမိုမြန်ဆန်ထိ ရောက်မည်ဟု ယုံကြည်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ဦးဂျင်မီက မှတ်ချက်ပြု သည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ် တွင် ဆက်တိုက်ပေါ်ပေါက်လာ သော အခြေအနေများကို ဒေါ် အောင်ဆန်းစုကြည်က ဒိုင်ခံဖြေ ရှင်းနေရပြီး လက်ရှိစိန်ခေါ်မှုများ သည် အမြင့်ဆုံးဖြစ်နေသည်ဟု ၎င်းကယူဆသည်။

 ‘‘ဒီလိုအချိန်မျိုးမှာ ဒေါ် အောင်ဆန်းစုကြည်က သူ့မူဝါဒ အတိုင်းပဲ ဒီမိုကရေစီပုံစံနဲ့၊ စိတ် ရှည်လက်ရှည်နဲ့ ဒါကို ဖြေရှင်းနိုင် ဖို့ ကြိုးစားနေတာ’’ ဟု ဦးဂျင်မီက ဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည်ကဲ့သို့ ခေါင်းဆောင်မျိုး  သည် နှစ်ပေါင်းရာချီတွင် တစ်ဦး ပေါ်ပေါက်ရန် ခဲယဉ်းသည့်တိုင် နိုင်ငံတစ်နိုင်ငံတွင် စနစ်ကောင်းရှိ ရန် မဖြစ်မနေလိုအပ်ပြီး ယင်းစ နစ်ကို ဖန်တီးပေးရန်နှင့် လူငယ် ခေါင်းဆောင်များကို မွေးထုတ် ပေးရန် အရေးကြီးကြောင်း မြန် မာ့အရေးလေ့လာစောင့်ကြည့်သူ အချို့က သုံးသပ်သည်။

မည်သူပင်ဖြစ်စေ လုပ်ကိုင် နိုင်စွမ်းရှိသည့် လူငယ်များ၊ အ ရည်အချင်းရှိသူများအတွက် အ ခွင့်အလမ်းရရှိရန် စနစ်ကောင်း များကို ဖန်တီးပေးရန် လိုအပ် ကြောင်းနှင့် ယင်းကသာ ရှေ့လျှောက်ရင်ဆိုင်ရမည့် အပြောင်းအလဲများကို ဦီးဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဦးသီဟသွေးက မှတ်ချက်ပြု သည်။


နေပြည်တော်လွှတ်တော် I-12 ၌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်ပြည့်မွေးနေ့ ကျင်းပခဲ့စဉ် (ဓာတ်ပုံ - ထက်အာကာကျော်)

 ‘‘ဒီလိုမျိုးတစ်ယောက်ပေါ် လာမှ ဒီလိုမျိုးအခြေအနေကောင်း တစ်ခုကို ဦးတည်နိုင်တဲ့အခြေအ နေပဲ ရှိသေးတယ်။ ဦးတည်နိုင်တဲ့ အနေအထားမျိုး ဖြစ်ရတာက  တိုင်းပြည်အတွက် မကောင်းဘူး’’ ဟု ၎င်းကပြောသည်။

 အသက် (၄၃) နှစ်အရွယ် တွင် မြန်မာ့နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ထိုစဉ်ကတည်းကမတူကွဲပြားသည့် ပဋိပက္ခအခင်းအကျင်းများကြား၌ စေ့စပ်ရေး  လမ်းစဉ်ကို ကျင့်သုံးခဲ့ပြီး ၎င်းဦး ဆောင်သည့် အင်န်အယ်လ်ဒီပါတီ အာဏာရလာချိန်တွင် လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို  ကြွေးကြော်လုပ် ဆောင်ခဲ့သည်။

သို့ရာတွင် အင်န်အယ်လ်ဒီ ပါတီတွင်းပင် ဒေါ်အောင်ဆန်းစု ကြည်ချမှတ်သော လမ်းစဉ်ကို တိ ကျစွာလိုက်နာမှုအားနည်းပြီး သဲ သဲလှုပ်ထောက်ခံသူများ ကိုယ် တိုင်တစ်ဖက်အင်အားစုကို ‘နင်ပဲ ငဆ’ ပြောဆိုမှုများတွေ့ရ ကြောင်း ဦးသီဟသွေးက ပြော သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအ ရ၊ စစ်ရေးအရ ပြောပလောက် သည့် ကွဲလွဲမှုများမရှိဘဲ  ငြိမ်းချမ်း  ရေးကို ဦးတည်နိုင်မည့်အချိန် သည် ဒေါ်အောင်ဆန်းစုကြည်အ ဖြစ်ချင်ဆုံးနှင့် အပျော်ရွှင်ဆုံးအ ချိန်ဖြစ်လိမ့်မည်ဟု ၎င်းကဆက် လက်သုံးသပ်သည်။

 ယင်းအခြေအနေသည် လက်ရှိအချိန်တွင် မဖြစ်နိုင်ဘဲ ဒေါ်အောင်ဆန်းစုကြည် သက်  ရှိထင်ရှား ရှိနေသည့် ကာလတွင် ရောက်ရှိလာရန် လေ့လာစောင့် ကြည့်သူအချို့က ဆန္ဒပြုသည်။

အာဏာရပါတီ အဓိကရင် ဆိုင်နေရသည့် အခက်အခဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပြီး ပြင်ဆင်နိုင်ပါက ၇၅ ရာခိုင်နှုန်းခန့် အခြေအနေကောင်းနိုင်မည်ဟု မုံရွာအောင်ရှင်က မှတ်ချက်ပြုသည်။

သို့သော် အာဏာရပါတီက လက်ရှိ ဆောင်ရွက်နေသော လွှတ်တော်တွင်း အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် တပ်မတော်က မတ်တတ်ရပ်ကန့် ကွက်မှုများရှိနေခြင်းသည် လုံ    လောက်သော ဒီမိုကရေစီအခွင့် အရေးများကို ပြင်ဆင်နိုင်ရန် ခဲ ယဉ်းမည်ဟု လေ့လာစောင့်ကြည့် သူ ဦးမောင်မောင်စိုးက သုံးသပ် သည်။

 ထို့အပြင် လက်ရှိအစိုးရ သက်တမ်း သုံးနှစ်ကျော်လာချိန် တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရက အားစိုက်မှုလျော့ကျ လာသည်ဟု ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်သူအချို့က အကဲ ခတ်သည်။

 ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထက် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်အရ တက်လာမည့် အစိုးရ ကာလအထိ နောက်သို့ဆုတ်မ သွားရန်နှင့် ပုံစံပျက်မသွားရန်  အားစိုက် ကြိုးပမ်းရမည်ဖြစ် ကြောင်း ဦးမောင်မောင်စိုးက ရှု မြင်သည်။

 မည်သို့ပင်ဖြစ်စေ ဒေါ် အောင်ဆန်းစုကြည်၏ မွေးနေ့သို့ ရောက်ရှိလာချိန်တိုင်းတွင် မျှော်  လင့်ချက်များကလည်း တစ်ပါ တည်း ပါလာခဲ့သည်။

‘‘ဘေးအန္တရာယ်ကင်းပါစေ။ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေ စီနိုင်ငံကို အမြန်ဆုံးအကောင်အ ထည်ဖော်နိုင်ပါစေ’’ဟု Triangle Women Support Group တည်ထောင်သူ ဒေါ်ခင်လေးက ဒေါ်အောင်ဆန်းစုကြည်အတွက်  ဆုတောင်းပေးသည်။

 မြန်မာပြည်သူအများစုအ တွက် ဒေါ်အောင်ဆန်းစုကြည် သည် ကျန်းမာ၊ ချမ်းသာ၊ အသက် ရှည်ရန်လိုအပ်ကြောင်း နိုင်ငံရေးသုတေသီ ဒေါက်တာတင်မောင်သန်းက မှတ်ချက်ပြုသည်။

 ‘‘ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ပြည်သူလူထုရဲ့ မျှော်လင့် ချက်တွေ စုစည်းခဲကျစ်ထားတဲ့  ခေါင်းဆောင်’’။

ပြည်သူများ၏ မျှော်လင့် ချက်ပြယုဂ် ဒေါ်အောင်ဆန်းစု ကြည်ကလည်း ပြီးခဲ့သည့် (၇၃) နှစ်မြောက်မွေးနေ့တွင် သတင်း ထောက်များမှတစ်ဆင့် အလိုချင် ဆုံးဆုကို ဖွင့်ဟခဲ့၏။ ‘‘ပြည်သူတွေ နှလုံးစိတ်ဝမ်း အေးချမ်းတယ်ဆိုရင် ပြည့်စုံပါ တယ်။ ကျန်တာ ဘာမှလိုချင်တာ မရှိဘူး’’ ဟူ၍။

No comments:

Post a Comment