Saturday, June 22, 2019

ပုဒ်မ ၂၂၀၊ ပုဒ်မ ၂၅၁ တို့နှင့် စီးချင်းထိုးမည်လား

လွှတ်တော်နှင့် အစိုးရအ ကြား အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် သော့ ချက်ပင်ဖြစ်သည်။ အပြန်အလှန် ထိန်းကျောင်းခြင်း လျော့ရဲလာ မည်ဆိုလျှင် နိုင်ငံရေးထင်ရာစိုင်း မှုမြင့်မားလာနိုင်ပြီး နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှု၊ လက်ဝါးကြီးအုပ် မှု၊ အုပ်စု၊ ဂိုဏ်းဂဏဖွဲ့မှုတို့ တွင်ကျယ်လာကာ ဒီမိုကရေစီ မဖြစ်၊ ငါမိုကရေစီဖြစ်မှန်းမသိ ဖြစ်လာမည်ဆိုလျှင် အနာဂတ် နိုင်ငံရေးအတွက် ရတက်မအေး စရာပင်ဖြစ်သည်။ သို့ဖြစ်၍ မြန် မာ့ဒီမိုကရေစီပြုခရီးရှည်ကြီးတွင် အပြန်အလှန်ထိန်းကျောင်းခြင်း ကို အားကောင်းသထက်အား ကောင်း၊ ခိုင်မာသထက် ခိုင်မာဖို့ ၀ိုင်းကြ၊ ၀န်းကြရမည်ဖြစ်သည်။

နိုင်ငံတော်အချုပ်အခြာအာ ဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ် ရေးအာဏာနှင့်တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်း ခြားသုံးစွဲခြင်းနှင့် အချင်းချင်းအ ပြန်အလှန်ထိန်းကျောင်းခြင်းတို့ ပြုသည် ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေ ခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၁ (က)တွင် ပြဋ္ဌာန်းထားသည်နှင့် အညီ အာဏာသုံးရပ်အကြား ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်း ကိုဟန်ချက်ညီညီ ဗျူဟာမြောက် ဖော်ဆောင်နိုင်ရန် လိုအပ်နေဆဲ ပင်ဖြစ်သည်။ ပိုင်းခြားသုံးစွဲခြင်း နှင့် အပြန်အလှန်ထိန်းကျောင်း ခြင်းတို့ အားကောင်းမောင်းသန် လာသည်နှင့်အမျှ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည်လည်း ပိုမိုတည်တံ့ခိုင်မြဲလာမည်မှာ ဧကန်မုချဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နှင့် ပြည်ထောင်စုအစိုးရအကြား၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည် နယ်လွှတ်တော်နှင့် တိုင်းဒေသ ကြီး(သို့မဟုတ်)ပြည်နယ်အစိုးရ အကြား အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ် သတ်မှတ်မှတ်ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၂၀၊ ပုဒ်မ ၂၂၈၊ ပုဒ်မ ၂၅၁ နှင့် ပုဒ်မ ၂၅၈ တို့သည် ဥပဒေပြုရေးအာဏာ နှင့် အုပ်ချုပ်ရေးအာဏာအကြား အပြန်အလှန်ထိန်းကျောင်းခြင်း နှင့်စပ်လျဉ်း၍ ထင်ထင်ရှားရှား ဖော်ပြထားသည့်ပြဋ္ဌာန်းချက်များ ပင်ဖြစ်သည်။ ပုဒ်မ ၂၂၀ နှင့် ပုဒ်မ ၂၅၁ ပါပြဋ္ဌာန်းချက်များအရ ဆိုလျှင် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး(သို့မဟုတ်)ပြည် နယ်အစိုးရအနေဖြင့် ပြည်ထောင် စုလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် က သဘောမတူကြောင်းဆုံးဖြတ် သည့်၊ ကန့်ကွက်သည့်စီမံကိန်း များကို မည်သည့်နည်းလမ်းနှင့်မျှ အကောင်အထည်ဖော်ဆောင် ရွက်နိုင်မည်မဟုတ်ပေ။

ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်း ချက်များနှင့်အညီ  ပြည်ထောင်စု အစိုးရ၏မူဝါဒများကို ချမှတ်ရ မည်။ ယင်းမူဝါဒများနှင့်အညီ လိုအပ်သောစီမံကိန်းများကိုရေး ဆွဲ ၍ ပြည်ထောင်စုလွှတ်တော်၏  သဘောတူညီချက်ဖြင့်  အကောင် အထည်ဖော်ဆောင်ရွက်ရမည် ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၂၀ တွင် ပြဋ္ဌာန်း ထားသည်။ ပြည်ထောင်စုအစိုးရ သည် စီမံကိန်းများနှင့်စပ်လျဉ်း၍  ပြည်ထောင်စုလွှတ်တော်၏ သ ဘောတူညီချက်ကို ဦးစွာရယူရ မည်ဖြစ်သည်။ အကယ်၍ ပြည် ထောင်စုအစိုးရသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူခြင်းမရှိဘဲ စီမံကိန်းတစ် ရပ်ရပ်အားဖော်ဆောင်မည်ဆိုပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၀ ကို  ဖောက်ဖျက်ကျူးလွန်ရာ ရောက်သည်အထိ သက်ရောက်သွားနိုင်သည်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရသည် သက်ဆိုင် ရာလွှတ်တော်၏ သဘောတူညီ ချက်ဖြင့် စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှသာ  အချင်းချင်းအပြန်အလှန်ထိန်း ကျောင်းခြင်းကလည်း ရုပ်လုံးပေါ် လာနိုင်မည်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ တွင် တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရမှချမှတ်ထား သည့်မူဝါဒများနှင့်သော်လည်း ကောင်း၊ ပြည်ထောင်စုဥပဒေများ နှင့်သော်လည်းကောင်း မဆန့် ကျင်စေဘဲ တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်အတွင်း အ ကောင်အထည်ဖော်ဆောင်ရွက် မည့်လုပ်ငန်းများနှင့် စပ်လျဉ်း  သည့်စီမံကိန်းများကို သက်ဆိုင် ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်၏ သဘော တူညီချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်း ထားသည်။

ပုဒ်မ ၂၅၁ ပါပြဋ္ဌာန်းချက် အရ ကြည့်မည်ဆိုလျှင် တိုင်းဒေ သကြီး (သို့မဟုတ်)ပြည်နယ်တွင်  ဖော်ဆောင်မည့် လုပ်ငန်းစီမံကိန်း တိုင်းသည် သက်ဆိုင်ရာလွှတ် တော်က အတည်ပြုပြီးဖြစ်ရန်  မလွဲမသွေလိုအပ်မည်ဖြစ်သည်။  တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်က သဘော မတူ၊ ကန့်ကွက်သည့်စီမံကိန်း များကို လုံးဝအကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်မဟုတ် ပေ။ ပုဒ်မ ၂၅၁ သည် ခြွင်းချက် မရှိ၊ သီးခြားဖော်ပြချက်မရှိသော  ပြဋ္ဌာန်းချက်ပင်ဖြစ်သည်။ တိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရသည် သက်ဆိုင်ရာလွှတ် တော်၏သဘောတူညီချက်မရရှိ ပါ က၊ သက်ဆိုင်ရာလွှတ်တော်က  ကန့်ကွက်ပါက မည်သည့်နည်း လမ်း၊ မည်သည့်အကြောင်းပြ ချက်ဖြင့်ဖြစ်စေ အဆိုပြုစီမံကိန်း ကို အကောင်အထည်ဖော်ဆောင် ရွက်ရန် လုပ်ပိုင်ခွင့် အာဏာရှိမည်မဟုတ်ပေ။

အကယ်၍ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရသည် သက်ဆိုင်ရာလွှတ်တော်၏ သ ဘောတူညီမှုကိုမရယူဘဲ စီမံကိန်း ကို အကောင်အထည်ဖော်မည် ဆိုလျှင် ယင်းလုပ်ရပ်သည် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၃(က)ပါ ပြဋ္ဌာန်း ချက်များအရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် (သို့မဟုတ်) ၀န်ကြီးတစ်ဦးဦးအ ပေါ် စွပ်စွဲပြစ်တင်နိုင်သည်အထိ  သက်ရောက်သွားနိုင်သည်ကို သတိပြုဆင်ခြင်သင့်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စီမံကိန်းများအကောင်အထည် ဖော်မှုနှင့်စပ်လျဉ်း၍ တိုင်းဒေသ ကြီးအစိုးရနှင့် လွှတ်တော်တို့အ ကြား ပွတ်တိုက်မှုများက အား ကောင်းနေဆဲဖြစ်သည်။ အုပ်ချုပ် ရေးအာဏာကို အပြန်အလှန် ထိန်းကျောင်းရာတွင်  ရန်ကုန်  တိုင်းဒေသကြီးလွှတ်တော်သည်  စံပြုလောက်အောင် အားကောင်း သည်မှာ ဖုံးကွယ်မရသည့် အရှိ တရားပင်ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ရှေ့လျှောက်  အားကောင်းမောင်းသန်တည့် မတ်ထိန်းကျောင်းကြရဦးမည်ဖြစ် သည့်အပြင် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်များ၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပို၍ ပို၍ထိန်းကျောင်းနိုင်ရေး ရှေးရှု သင့်ကြောင်း တိုက်တွန်းအကြံပြု လိုပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့သည် Project Bank စီမံ ကိန်းကို မြန်မာ့ဖွံ့ဖြိုးရေးခရီးစဉ် အတွက် အထောက်အပံ့ဖြစ်လိမ့် မည်ဟုယုံကြည်လျက် ရန်ကုန် တိုင်းဒေသကြီးအတွက်သာမက  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဓာနကျသော ဦးစားပေး စီမံကိန်းများအဖြစ် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များနှင့် အများ ပြည်သူထံသို့ တင်ပြခဲ့သည်။ ရန် ကုန်တိုင်းဒေသကြီးတွင် ဦးစား ပေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်  အလားအလာကောင်းသည့် စီမံ ကိန်း ၈၀ နှင့်ပတ်သက်သော အ ချက်အလက်များကို မိတ်ဆက် ဖော်ပြခဲ့သည်။ ရန်ကုန် Project Bank သည် Union Project Bank ၏ အစိတ်အပိုင်းဖြစ်ပြီး ရန်ကုန် Project Bank တွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် အစိုး ရ-ပုဂ္ဂလိက ဖက်စပ်ရင်းနှီးမြှုပ်နှံ မှုပြုနိုင်မည့် စီမံကိန်းများကို သီး သန့်စုစည်းထားသည်ဟု ဖော်ပြ ထားသည်။

 ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၂၀ အရ ပြည်ထောင်စုအ စိုးရသည် Union Project Bank  ပါစီမံကိန်းများကို  အကောင်အ ထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်၏ သ ဘောတူညီချက်ကိုရယူရန် လို အပ်သည့်နည်းတူ ရန်ကုန်တိုင်း ဒေသကြီး အစိုးရသည်လည်း ပုဒ်မ ၂၅၁ အရ Yangon Project Bank ပါစီမံကိန်းများကို တိုင်း ဒေသကြီး  လွှတ်တော်၏သဘော တူညီချက်ဖြင့်သာ အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ် သည်။ သို့ဖြစ်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအနေဖြင့် Yangon Project Bank တွင် ဖော်ပြ ထားသည့် စီမံကိန်း ၈၀ ခုကိုတိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီမှုရယူပြီးမှသာ ဖော်ဆောင်နိုင်မည်ဖြစ်ပြီး  ထိုသို့ဆောင်ရွက်ရန်ပျက်ကွက်ပါက  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၅၁ ကို ဖောက်ဖျက်ကျူးလွန်သည်ဟု သတ်မှတ်နိုင်သည်အထိ တာသွားနိုင်သည်ကို မျက်ခြည်မပြတ်သင့်ပေ။

အချုပ်အားဖြင့်ဆိုရသော်  ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီး သုံး ရပ်၊ သတင်းမီဒီယာ၊ ဖေ့စ်ဘွတ်ခ် အပါအ၀င် လူမှုကွန်ရက်များနှင့် အရပ်ဘက်အဖွဲ့အစည်းများပါ အကျုံးဝင်သည့် မဏ္ဍိုင်ကြီး ခြောက်ရပ်တို့အကြား အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှု သည်  ထိရောက်အလုပ်ဖြစ်လာ မည်ဆိုပါက လောကပါလတရား များထွန်းကားလာပြီးလွတ်လပ်မှု၊ တန်းတူရည်တူရှိမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှု၊ တရားမျှတမှု၊ ဥပဒေစိုးမိုးမှု၊ ဒီမိုကရက်တစ်ပွင့် လင်းမြင်သာမှု၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးတို့သည် ဗျူဟာ မြောက် ခရီးပေါက်သထက်ပေါက် လာကာ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး၏ အကျပ်အတည်းများ၊ ၀န်ထုပ်ဝန်ပိုးများနှင့် ဘေးထွက် ဆိုးကျိုးများကို လျော့ပါးသထက် လျော့ပါးအောင် ဖော်ဆောင်လာ နိုင်မည်ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။ 

No comments:

Post a Comment