Saturday, June 22, 2019

ထိုင်းတွင် ကားတာယာတွေထဲ ၀ှက်သယ်လာသည့် မက်သာဖီတမင်း ၅၉ ကီလိုဂရမ်နှင့်အတူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ် ဆောင်ခလာဘူရီခရိုင်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခုမှာ တန်ဖိုး ဘတ်သန်း ၆၀ ခန့် ရှိ မက်သာဖီတမင်း မူးယစ်းဆေးဝါး ၅၉ ကီလိုဂရမ် ကို ကားတာယာတွေနဲ့  ပစ်ကပ်ကားမှာ လျှို့ ဝှက်အခန်းလုပ်ကာ သယ်ဆောင်လာတဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိလိုက်ကြောင်း သိရပါတယ်။ ထိုင်း စစ်သားတွေ၊ ရဲတွေနဲ့  ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ ဟာ ကြာသပတေးနေ့ က ရန်တီတံတား စစ်ဆေးရေးဂိတ်မှာ ကန်ချနာဘူရီ လိုင်စင်နံပတ်ပြားတပ် ပစ်ကပ်ထရပ် နှစ်စီးကို ရပ်တန့် စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ပစ်ကပ်တစ်စီးက ဒရိုင်ဘာဖြစ်သူ ပစ်ဆာနူ မွမ်ထရွတ်(၂၉) နှစ်ဟာ အလွဲသုံးစားမှုနဲ့  ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ကြောင်း စစ်ဆေးရေးဂိတ်မှ ရဲတွေက ပြောပါတယ်။ ၄င်းကို ထိန်းသိမ်းပြီး ဆီးစစ်ခဲ့ရာမှာ မူးယစ်ဆေးဝါးသုံးစွဲထားတယ်လို့  တွေ့ ရှိရကြောင်း သိရပါတယ်။ ယင်းအတွက်ကြောင့် မသင်္ကာဖြစ်ကာ တာဝန်ရှိသူတွေဟာ ပစ်ကပ်ကားကို စစ်ဆေးရှာဖွေခဲ့ရာမှ ဒရိုင်ဘာ ထိုင်ခုံအနီးက လျှို့ ဝှက်အခန်းတစ်ခုနဲ့  အပို ကားတာယာထဲကနေ မက်သာဖီတမင်း ၂၂ ကီလိုဂရမ်ကို တွေ့ ရှိခဲ့ပါတယ်။

ယင်းနောက် တာဝန်ရှိသူတွေဟာ ဒုတိယမြောက်ကားကိုလည်း စစ်ဆေးရှာဖွေခဲ့ကြပြီး ယာဉ်ပေါ်က လျှို့ ဝှက်အခန်းနှစ်ခုနဲ့ အပို ကားတာယာတစ်ခုအတွင်း ၀ှက်သယ်လာတဲ့ မက်သာဖီတမင်း ၃၇ ကီလိုဂရမ်ကို ထပ်မံတွေ့ ရှိခဲ့ကြကြောင်း သိရပါတယ်။ ယင်း ဒုတိယကားရဲ့ ဒရိုင်ဘာကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

သံသယရှိသူနှစ်ဦးဟာ အုပ်စုတစ်ခုတည်းကလို့  ယုံကြည်ရပြီး ၄င်းတို့ ကို မူးယစ်ဆေးဝါးပြစ်မှု တွေနဲ့ စွဲချက်တင်ဖို့ အတွက် ဆောင်ခလာဘူရီ ရဲတပ်ဖွဲ့ ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

No comments:

Post a Comment