Saturday, June 22, 2019

ပျောက်ဆုံးနေသော သားအဖနှစ်ဦး ပြန်တွေ့ရေး ကူညီပေးရန် လက်နက်ကိုင်နှင့် လူမှုအဖွဲ့များထံ မေတ္တာရပ်ခံ

ရှမ်းပြည်နယ် မြောက် ပိုင်း နမ့်ဆန်မြို့တွင် နေအိမ်မှ ထွက်ခွာသွားသည့် အမျိုးသား နှစ်ဦးသည် မိသားစုနှင့်အဆက်အ သွယ်မရဘဲ ပျောက်ဆုံးနေ၍ ပြန် လည်တွေ့ရှိရေး  ကူညီပေးရန်  ဒေသတွင်း လုံခြုံရေးအဖွဲ့များနှင့်  လူမှုအဖွဲ့အစည်းများထံတအာင်း အမျိုးသမီးအဖွဲ့အစည်းက မေတ္တာရပ်ခံသည်။ နမ့်ဆန်မြို့နယ် ဟိုနမ့်ကျေး ရွာမှ အသက် (၄၂) နှစ်နှင့် (၁၇) နှစ်အရွယ် သားအဖနှစ်ဦးသည် ဇွန်လ ၅ ရက်တွင် လားရှိုးမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာသွားစဉ်  ပျောက်ဆုံးခဲ့ပြီး ဇွန်လ ၂၁  ရက် ညနေအထိ နေအိမ်သို့ ရောက် လာခြင်း မရှိသေးပေ။



‘‘ပျောက်နေတာ တော်တော် ကြာနေတော့ မိသားစုဝင်တွေက  စိတ်အရမ်းပူနေကြတယ်။ ကျွန်မ တို့ကို မနေ့က(ဇွန်လ ၂၀ရက်)မှ လာအသိပေးကြတာ။ ပြန်တွေ့ အောင် ၀ိုင်းဝန်းကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်’’ ဟု  တ အာင်းအမျိုးသမီးအဖွဲ့အစည်းမှ လွေးချိဆငါးက ပြောသည်။

     ပျောက်ဆုံးနေသူနှစ်ဦးသည် တအာင်းပလောင်တိုင်းရင်းသား ဦးဖိုးအုန်းနှင့် မိုင်းကျော်ငြိမ်းတို့ ဖြစ်ပြီး မိသားစုက ရဲတပ်ဖွဲ့ထံ တွင် အမှုဖွင့်ထားခြင်းမရှိသေးဘဲ  ပြန်တွေ့နိုင်ရေး နည်းမျိုးစုံဖြင့် ကြိုးစားနေသည်။ 

‘‘နမ့်ဆန်ကနေ လားရှိုးကို ကားနဲ့မသွားဘဲ ပိုက်ဆံအကုန် သက်သာအောင် ဆိုင်ကယ်နဲ့သွား တာ။ ပြန်တွေ့ဖို့ ကြိုးစားနေပေ မယ့် အခုထိမတွေ့သေးဘူး’’ ဟု တအာင်းပလောင်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးကော်မတီဝင်  မိုင်းသိန်းဇော်က ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း တွင် ဒေသတွင်းအခြေစိုက် လက် နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးမှု များကြောင့် အရပ်သားပျောက် ဆုံးမှုများရှိနေသည်။ နမ္မတူ၊ နမ့် ခမ်း၊ မိုင်းကိုင်မြို့တို့တွင်  လက် နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးမှု ကြောင့် ၂၀၁၆ မှ ၂၀၁၉ မတ်လ ထိ အရပ်သား ၃၂ ဦး ပျောက် ဆုံးနေဖြစ်ကြောင်း နမ္မတူမြို့နယ် တအာင်းလူငယ်အဖွဲ့ စစ်တမ်း တွင် ဖော်ပြထားသည်။

No comments:

Post a Comment