Saturday, June 22, 2019

အေဂျက်ဇ်က နည်းပြအဲရစ်တန်ဟက်ကို ၂၀၂၂ အထိ စာချုပ်သက်တမ်းတိုး

 အေဂျက်ဇ်အသင်း ကို နယ်သာလန်လိဂ်ဖလား တစ် လုံးနှင့် ပြည်တွင်းဖလား နှစ်လုံး အပြင် ချန်ပီယံလိဂ်ဆီမီးအဆင့် သို့ တက်လှမ်းနိုင်အောင် ဦး ဆောင်ခဲ့သည့် နည်းပြအဲရစ်တန် ဟက်ကို အေဂျက်ဇ်က သုံးနှစ်စာ ချုပ်သက်တမ်းတိုးခဲ့သည်။ ၂၀၁၇  ဒီဇင်ဘာက အေ ဂျက်ဇ်သို့ ရောက်လာသော တန် ဟက်သည် ၎င်း၏ပထမဆုံးရာသီ ကိုင်တွယ်မှုအတွင်း ၂၀၁၄ နောက်ပိုင်း အေဂျက်ဇ်အတွက် ပထမဆုံး Eredivise ဖလား ရရှိ အောင် စွမ်းဆောင်နိုင်ခဲ့သည်။
တန်ဟက် (၄၉) နှစ်၏ အေ ဂျက်ဇ်အသင်းသည် ချန်ပီယံလိဂ် ချန်ပီယံဟောင်းရီးရဲလ်နှင့် ဂျူဗင် တပ်တို့ကို ဖြုတ်ချကာ ဆီမီးဖိုင် နယ် တွင် စပါးကိုရှုံးနိမ့်ခဲ့သည်။ မိမိတို့သည် ပြောင်မြောက် သော နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ပြီး အောင်မြင်သော ကာလထပ်တိုး ရန် ကြိုးပမ်းမည်ဟု တန်ဟက်က ပြောသည်။ နယ်သာလန်နိုင်ငံသား တန် ဟက်က ယင်းကဲ့သို့ အောင်မြင်မှု မျိုး ဆက်လက်ရရှိရန် များစွာကြိုး ပမ်းရမည်ဟု ဖြည့်စွက်ပြောကြား သည်။ 

No comments:

Post a Comment