Saturday, June 22, 2019

မြန်မာလိဂ် ပွဲစဉ် (၁၃) တွင် ရှမ်းနှင့် ရန်ကုန်ထိပ်တိုက်တွေ့ဆုံ

 မြန်မာလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၃) တွင် ရှမ်းအသင်းနှင့် လက်ရှိချန်ပီယံ ရန်ကုန်အသင်းတို့ ထိပ်တိုက်တွေ့ ဆုံနေသည်။  ၂၀၁၉ မြန်မာလိဂ် ပွဲစဉ် (၁၃)ကို ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်တွင်သက်ဆိုင်ရာကွင်းများ၌ ကျင်းပမည် ဖြစ်သည်။ ယခုတစ်ပတ်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းက ဒုတိယနေရာမှ ရှမ်းအသင်းကို အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုတစ်ပတ်၏ အကောင်းဆုံးပွဲဖြစ် လာ ဖွယ်ရှိသည်။



ရှမ်းအသင်းသည်  ယခုရာသီပထမဆုံး အိမ်ကွင်းပွဲဖြစ်သည့်ပွဲစဉ်(၁၂)တွင်  ချင်းလန်းအသင်း ကို သရေကျခဲ့သည်။ ထို့ကြောင့် ရှမ်းအသင်းက ပွဲစဉ်(၁၃)တွင် နိုင်ပွဲရရန် ကြိုးပမ်းမည်ဖြစ်သော်

လည်း ရန်ကုန်အသင်းနှင့် ထိပ်တိုက်တွေ့နေသဖြင့် ရမှတ်ပြည့် ရရန် ရုန်းကန်ရဖွယ် ရှိသည်။

ရန်ကုန်အသင်းက ပထမ အကျော့တွင် အိမ်ကွင်း၌ ရှမ်းအသင်းကို ရှုံးနိမ့်ထားသဖြင့် အဝေးကွင်းတွင် ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကာ အကြိတ်အနယ်ပွဲကောင်းဖြစ်လာဖွယ်  ရှိသည်။ 

မြန်မာလိဂ် ပွဲစဉ် (၁၃) အခြားပွဲများအဖြစ် စစ်ကိုင်းနှင့် ရတနာပုံ၊ မကွေးနှင့် ဇွဲကပင်၊ ချင်းလန်းနှင့် ဒဂုံ၊ ဧရာဝတီနှင့် ရခိုင်၊ ဟံသာဝတီနှင့် ဆောက်သမ်းအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂၀၁၉ MPT မြန်မာလိဂ် ပွဲစဉ် (၁၂) အပြီးတွင် ရန်ကုန်အသင်းက ရမှတ် ၂၃ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသည်။

ရှမ်းနှင့် ဟံသာဝတီအသင်း တို့က ရမှတ် ၂၂ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက် အသာရသည့် ရှမ်းက ဒုတိယ၊ ဟံသာဝတီက တတိယနေရာ ရပ်တည်နေသည်။  ချင်းလန်းနှင့်ဆောက်သမ်း မြန်မာအသင်းတို့ က ကိုးမှတ်စီဖြင့် တန်းဆင်းဇုန်အ တွင်း ကျရောက်နေသည်။

မြန်မာလိဂ် ပွဲစဉ် (၁၃)
၂၂.၆.၂၀၁၉စစ်ကိုင်း - ရတနာပုံ (မုံရွာ) 
                မကွေး - ဇွဲကပင် (သုဝဏ္ဏ) 
၂၃.၆.၂၀၁၉ချင်းလန်း - ဒဂုံ (သုဝဏ္ဏ) 
                 ရှမ်း - ရန်ကုန် (တောင်ကြီး) 
                 ဧရာဝတီ - ရခိုင် (ပုသိမ်) 
                 ဟံသာဝတီ - ဆောက်သမ်း (ပဲခူး)

No comments:

Post a Comment