Saturday, June 22, 2019

ရန်ကုန်တွင် ကျောင်းကားတင်သွင်းရန် လာရောက်လျှောက်ထားသူ တစ်ဦးမျှမရှိသေး

ရန်ကုန်တိုင်းဒေ သကြီးတွင် ကျောင်းကားတင် သွင်းရန် လာရောက်လျှောက်ထား သူတစ်ဦးမှမရှိသေးကြောင်း သိရ သည်။ လက်ရှိ ကျောင်းကားလုပ် ငန်းလုပ်ကိုင်နေသူများအနေဖြင့် ပြည်ထောင်စုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ချ မှတ်ထားသည့် ကျောင်းကားစံ သတ်မှတ်ချက် ၁၂ ချက်နှင့်ညီ သောကျောင်းကားများကို တင် သွင်းလိုပါက တင်သွင်းခွင့်ပြုမည် ဟုကြေညာထားသော်လည်း ယခု အချိန်ထိလျှောက်ထားသူမရှိသေး ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲ ဖက်အတွင်းရေးမှူးဦးလှအောင် က ပြောသည်။



ဇွန် ၁၉ ရက်ကYRTA (ရုံး ချုပ်)တွင် ပြုလုပ်သည့်မီဒီယာများ နှင့်တွေ့ဆုံပွဲတွင် ဦးလှအောင်က မီဒီယာများ၏မေးမြန်းမှုကို အ ထက်ပါအတိုင်း ထည့်သွင်းဖြေ ကြားခဲ့ခြင်းဖြစ်သည်။""ကျောင်းကားလာလျှောက် ရင် ရန်ကုန်တိုင်းလိုင်စင်ကိုအထူး ကိစ္စတစ်ရပ်အနေနဲ့ခွင့်ပြုပေးရ မှာဖြစ်လို့ စစ်ဆေးရတာဖြစ်ပါတယ်။ အဲဒါဆောင်ရွက်ဆဲကာလဖြစ်ပါ တယ်။ ဒီနေ့ထိလျှောက်လွှာတင် သွင်းခြင်းမရှိသေးပါဘူး""ဟု၎င်း ကပြောသည်။

ယခုပညာသင်နှစ်တွင် ကညန ကသတ်မှတ်ထားသည့်ကျောင်း ကား စံနှုန်း ၁၂ ချက်နှင့်ညီသော ကျောင်းကားများကိုသာ ပြေးဆွဲ ခွင့်ပြုတော့မည်ဖြစ်ပြီး ၁၂ ချက် အတိုင်း ကားတင်သွင်းမည်ဆိုပါ က တင်သွင်းစဉ်ကာလအတွင်းမှာ ကားဟောင်းများဖြင့်ပြေးဆွဲခွင့်ပြု မည်ဖြစ်ကြောင်း သိရသည်။
ကျောင်းကားတင်သွင်းလို သူများအနေဖြင့် လက်ရှိကျောင်းကား လုပ်ငန်းလုပ်ကိုင်နေသည်မှာ ဟုတ် မှန်ကြောင်းကို သက်ဆိုင်ရာကျောင်း တာဝန်ရှိသူများ၏မှန်ကန်ကြောင်း ထောက်ခံချက်၊ တင်သွင်းမည့်ကား အမျိုးအစားနှင့်ကုမ္ပဏီတို့ပါဝင် သည့်လျှောက်လွှာနှင့် တင်သွင်း မည့်ကားသည် ကညနထံမှ စံသတ် မှတ်ချက် ၁၂ ချက်နှင့် ညီသည့် ကားဖြစ်ကြောင်း ထောက်ခံချက် များပါသည့်လျှောက်လွှာကို ရန် ကုန်တိုင်းဒေသကြီးသယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ထံသို့တင်ပြလျှောက် ထားရမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းကားလျှောက်ထား မှုကို ရန်ကုန်တိုင်းဒေသကြီး သယ် ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကတာဝန်ယူကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။ယင်းကားများကိုတင်သွင်း ခွင့်ပြုပြီးပါက အဆိုပါမော်တော် ယာဉ်များသည် ကျောင်းကားလုပ် ငန်းတစ်ခုတည်းကိုသာ ဆောင် ရွက်ရမည်ဖြစ်ကြောင်း
သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝယ်ယူထားသည့် ကျောင်း ကားအစီးနှစ်ရာမှ ကား ၉၂ စီးဖြင့် ကျောင်း ၁၂ ကျောင်းမှ ကျောင်းသား၊ ကျောင်း သူစုစုပေါင်း ၁၈၇၆ ဦးကို ပို့ဆောင်ပေးနေကြောင်း ရန်ကုန် တိုင်းဒေ
သကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ဦး အောင်ညီညီမော်က ပြောသည်။

တစ်ဦးချင်းပိုင်ကျောင်းကားများတွင်လိုက်ထရပ်အုပ်စုဝင် ကားများဖြင့် ကျောင်းကားပြေးဆွဲ ခြင်းကို ၂၀၁၉-၂၀၂၀ပညာသင် နှစ်မှစ၍ ခွင့်မပြုတော့ဘဲ ကညန ၏သတ်မှတ်စံချိန်စံညွှန်းသည့်ကိုက် ညီသောတစ်ဦးချင်းပိုင် လိုက်ထ ရပ်မဟုတ်သည့်ကျောင်းကား များကိုမူ ဆက်လက်ပြေးဆွဲ ခွင့်ပြု ခဲ့သည်။

No comments:

Post a Comment