Saturday, June 22, 2019

အချုပ်ကားတစ်စီး လမ်းဘေးသစ်ပင်ကို ၀င်တိုက်

 မှော်ဘီမြို့နယ် ရန်ကုန် -ပြည်လမ်းမိုင်တိုင် (၃၃) အနီး တွင် အချုပ်ကားတစ်စီး လမ်း ဘေးသစ်ပင်ဝင်တိုက်မိ၍ ရဲတပ် ဖွဲ့ဝင်လေးဦးနှင့် ယာဉ်မောင်းထိ ခိုက်ဒဏ်ရာရရှိကြောင်း မှော် ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး က ပြောသည်။ ဇွန်လ ၂၀ ရက်ညနေ ၃ နာရီခွဲက အကျဉ်းသူ ၂၀ ဦးကို သယ်ဆောင်လာကာ သရက်အ ကျဉ်းထောင်မှ အင်းစိန်အကျဉ်း ထောင်သို့ ပို့ဆောင်ပြီးအပြန် ရေတာကျေးရွာ ရန်ကုန်-ပြည် လမ်းမိုင်တိုင်(၃၃)အနီးအရောက် အရှိန်လွန်ပြီး ကားလမ်းညာဘက် ခြမ်းရှိ သစ်ပင်ကို ၀င်ရောက်တိုက် မိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ သည်။



ထိုသို့တိုက်မိခြင်းကြောင့် သရက်မြို့နေ အသက်(၅၉)နှစ်ရှိ ယာဉ်မောင်းအမျိုးသားသည် ဖူး ရောင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် ရဲအုပ်၊ ဒုရဲအုပ်နှင့်ရဲတပ်သား နှစ်ဦးလည်း ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများရရှိကြောင်း ရဲမှတ် တမ်းက ဆိုသည်။

‘‘တရားခံပြန်ပို့တဲ့အချုပ် ကားပါ။ ဖြစ်တဲ့အချိန်မှာ အချုပ် သားလည်း မပါပါဘူး။ ဖြစ်တာ တော့ ကျွန်မတို့အပိုင်နယ်မြေထဲ မှာ ဖြစ်သွားတာ။ ကျွန်မတို့ဆီက အချုပ်ကားတော့မဟုတ်ဘူး။ လူ မသေတဲ့အတွက် ယာဉ်မောင်းကို အာမခံနဲ့ပြန်လွှတ်ထားတယ်။ ဒါ ပေမဲ့ စခန်းမှာတော့ အမှုဖွင့်ထား ပါတယ်’’ ဟု အထက်ပါရဲအရာရှိ က ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကို မှော်ဘီမြို့မရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈ (အပြင်းအထန်နာကျင်စေမှု)၊ ပုဒ်မ ၃၃၇ (သာမန်နာကျင်စေမှု) နှင့် ပုဒ်မ ၂၇၉ (ယာဉ်မဆင်မခြင် မောင်းနှင်မှု)ဖြင့် အမှုဖွင့်အရေး ယူထားသည်။

No comments:

Post a Comment