Saturday, June 22, 2019

ဂိုးသမားဟောင်း ပီတာချက် ချဲလ်ဆီးတွင် နည်းစနစ်အကြံပေးအဖြစ် တာဝန်ယူ

ဂိုးသမားဟောင်း ပီတာချက်ဟာ  နည်းစနစ်နဲ့ စွမ်းဆောင်ရည်ဆိုင်ရာ အကြံပေးအဖြစ် ချဲလ်ဆီးအသင်းမှာ တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ ချက်ဟာ အဆင်နယ်အသင်းနဲ့အတူ ကစာသမားဘ၀ကနေ အနားယူခဲ့ပြီးတဲ့နောက်မှာ အသင်းဟောင်း ချဲလ်ဆီးအသင်းကို နည်းစနစ်နဲ့ စွမ်းဆောင်ရည်ဆိုင်ရာ အကြံပေးအဖြစ် ပြန်လာခွင့်ရခဲ့ပါတယ်။ ဂိုးသမားဟောင်း ပီတာချက်ဟာ ဇွန် ၂၁ ရက်က ချဲလ်ဆီးအသင်းနဲ့အတူ တရားဝင်စာချုပ်ချုပ်ဆိုခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျစ်မှာ ပြန်လည်ခြေချခဲ့တာဖြစ်ပါတယ်။


အသင်းရဲ့ နည်းစနစ်နဲ့ စွမ်းဆောင်ရည်ဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ခံရအပြီးမှာ ပီတာချက်က “အသင်းဆီပြန်လာပြီး ဒီအခွင့်အရေးကို ရယူနိုင်ခဲ့တာက အထူးအခွင့်အရေလို့ မှတ်ယူကြောင်းနဲ့ ပြီးခဲ့တဲ့ ၁၅ နှစ်ကလိုပဲ အသင်းကို အောင်မြင်မူတွေ ဆက်လက်ရယူပြီး မြင့်မားတဲ့ စွမ်းဆောင်ရည်ရှိတဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးနိုင်ဖို့ ကူညီသွားမယ်” လို့ ပြောပါတယ်။

ပီတာချက်ဟာ ကစားသမားဘ၀က ချဲလ်ဆီးအသင်းနဲ့အတူ ၁၁ နှစ်ကြာကာလအတွင်းမှာ စုစုပေါင်း ၄၉၄ ပွဲ ကစားခဲ့ပြီး ၂၀၂ ပွဲမှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

No comments:

Post a Comment