Saturday, June 22, 2019

မန္တလေးကို လုံခြုံမှုရှိသည့် မြို့တော်တစ်ခုဖြစ်စေရေး Safe City ပရောဂျက်အား ဟွာဝေးနှင့်ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားနေဟု ဝန်ကြီးချုပ်ပြော

 မန္တလေးမြို့ကို တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံမှုရှိသည့် မြို့တော်တစ်ခုဖြစ်စေမည့် Safe City ပရောဂျက်အား တရုတ်အ ခြေစိုက် နည်းပညာကုမ္ပဏီဟွာ ဝေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ချုပ်ဆိုရန် သုံးသပ်နေ ကြောင်း မန္တလေးတိုင်း ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ ဇွန်လ ၂၁ ရက်က ကျင်းပ သည့် မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးအပြီးတွင် ဒေါက် တာဇော်မြင့်မောင်က အထက်ပါ အတိုင်း ဖြေကြားသည်။



‘‘ဟွာဝေးက နောက်ဆုံးတစ် ခေါက် လာတွေ့သွားပြီ။ ကျွန် တော်တို့ကတော့ မန္တလေးကိုဘေး ကင်းလုံခြုံမှု (Safe) ဖြစ်စေချင် တယ်။ ဟွာဝေးနဲ့ဆိုတော့ အမေရိ ကန်နဲ့ တရုတ်တို့ဖြစ်နေတဲ့ ကြား ထဲမှာ Safe City လုပ်ချင်တော့ ဝေဖန်မှုတွေရှိတယ်။ ကျွန်တော်တို့လည်း အပြန်ပြန်စဉ်းစားနေတယ်။ ဘာလို့လဲဆိုတော့ Google တွေ၊ ဘာတွေက ရှိသေးတာပေါ့။ ခြုံငုံသုံးသပ်ဖို့လိုသေးတယ်။ စာချုပ် မချုပ်ရသေးပါဘူး’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မန္တလေးတိုင်း အစိုးရအဖွဲ့ အနေဖြင့် ဟွာဝေးနှင့် ပူးပေါင်း ကာ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ ဘေးကင်းလုံခြုံရေး မန္တလေးတစ်မြို့လုံး စီစီတီဗီများ တပ်ဆင်၍ ထိန်းချုပ်ခန်း (Control Room) မှတစ်ဆင့်အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့် နိုင်မည့် နည်းပညာအသုံးပြုကာ ဆောင် ရွက်နိုင်ရေး စီစဉ်နေပြီး လက်ရှိ တွင် စာချုပ်ချုပ်ဆိုနိုင်ရန် ပြန် လည်သုံးသပ်မှုများ ပြုလုပ်နေ ကြောင်း ၎င်းကပြောသည်။

‘‘Safe ဖြစ်တယ်ဆိုတဲ့ ရာဇ ဝတ်မှုတွေ ပပျောက်ဖို့လုပ်ရမယ့် တာဝန် ကျွန်တော်တို့မှာရှိတယ်။ သူတို့ (ဟွာဝေး) ကတော့ ဘာမှ မလုပ်သေးဘဲနဲ့ အကြိုလေ့လာမှု လုပ်ပေးပြီးတော့ ဘယ်နေရာတွေ စီစီတီဗီ တပ်သင့်တယ်ဆိုတဲ့ ပရောဂျက်ကြီးက ကျွန်တော်တို့ ဆီမှာ ရှိနေပြီဖြစ်ပါတယ်။ လုံခြုံ ရေးအရ နည်းပညာက သူများ လက်ထဲမှာ ဆိုတာကိုလည်း စဉ်း စားပါတယ်။ ဘယ်လောက်ထိ လုံခြုံစိတ်ချမှုရှိလဲဆိုတာ ကြည့် ရမှာပေါ့’’ ဟု ဒေါက်တာဇော်မြင့် မောင်က ပြောသည်။  Safe City ပရောဂျက်ကို ဟွာဝေးနှင့် ပူးပေါင်းဆောင် ရွက်နိုင်ရေး စာချုပ်ချုပ် ဆိုရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အ ကြံပြုချက်ရယူ၍ လုပ်ထုံးလုပ် နည်းအတိုင်း ဆောင်ရွက်မည်ဖြစ် ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ သဘောတူညီချက် ရယူရမည်ဖြစ် ကြောင်း ဝန်ကြီးချုပ်က ပြောကြား သည်။ ဂျပန်နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီ Hitachi မှ မန္တလေးတိုင်းအတွင်း အများပြည် သူလုံခြုံရေးနှင့် မှုခင်းကျဆင်းရေး အရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာ ပါကအချိန်နှင့်တစ်ပြေးညီ စောင့် ကြည့်နိုင်မည့် နည်းပညာသုံးစွဲနိုင် ရန် တိုင်းအစိုးရသို့ကူညီရန် ကမ်း လှမ်းသဖြင့် ၂၀၁၈ နှစ်လယ်ပိုင်းကစတင်၍ အချို့မြို့နယ်များတွင် အသုံးပြုနေသည်။

No comments:

Post a Comment